မျက်နှာပြင်အောက် ကင်မရာပါတဲ့ ကမ္ဘာ့ပထမဆုံး ဖုန်း ZTE Axon 20 5G ကို အရင်က Invite နဲ့ပဲ ရောင်းပေးထားတာ ဖြစ်ပြီး အခုတော့ နိုင်ငံတကာမှာ အကန့်အသတ်မဲ့ ရောင်းပေးလိုက်ပါပြီ။ 8/128GB ၁ မျိုးပဲ ထုတ်လုပ်ထားပြီး Midnight Black နဲ့ Sunrise Yellow ၂ ရောင် ရွေးချယ်နိုင်ပါတယ်။ ၄၄၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၆ သိန်းလောက်ကျသင့်ပါတယ်။ ZTE Website ကနေ ဝယ်ယူနိုင်ပြီး ၃ ရက်အတွင်းပို့ပေးတယ်လို့ သိရပါတယ်။

Axon 20 5G ရဲ့ Specs တွေကို ပြန်လည်လေ့လာကြည့်ရအောင်။ ၆.၉၂ လက်မ AMOLED 1080p မျက်နှာပြင်နဲ့ 90Hz Refresh Rate ထည့်သွင်းထားပြီး မျက်နှာပြင်အောက်မှာ 32MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Snapdragon 765G Chipset မောင်းနှင်ထားပြီး ဘက်ထရီက 4,220mAh ဖြစ်ပါတယ်။

ZTE Axon 20 5G, first phone with under-display camera, now on sale

နောက်ထပ် အကန့်အသတ်မဲ့ရောင်းပေးလိုက်တဲ့ ထုတ်ကုန် ၁ ခုက ZTE LiveBuds Truly Wireless နားကြပ် ဖြစ်ပါတယ်။ ၄၀ ဒေါ်လာ သတ်မှတ်ထားပြီး ၅ သောင်း ၃ ထောင်လောက် ကျသင့်ပါတယ်။ Electronic Noise Reduction (ENC) , Bluetooth 5.0 တွေ ထည့်သွင်းထားပြီး စုစုပေါင်း ဘက်ထရီ သက်တမ်းက နာရီ ၂၀ ဖြစ်ပါတယ်။ Tap Controls နဲ့ ရေစက်ရေပေါက်၊ ချွေးစိုခံနိုင်တဲ့ IPX4 တို့ ပါဝင်ပါတယ်။

Ref : gsmarena