Unicode
ZTE ရဲ့ High End Gaming Brand ဖြစ်တဲ့ Nubia ဟာ လက်ရှိအချိန်အထိ စွမ်းဆောင်ရည်အကောင်းဆုံး Gaming Phone တွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုလည်း Nubia Red Magic 5G ရဲ့ သတင်းအချို့ပေါက်ကြားလာပြီး ၂၀၂၀ ခုနှစ်အတွက် စွမ်းဆောင်ရည်အကောင်းဆုံး စမတ်ဖုန်းတစ်လုံးဖြစ်လာတော့မှာပါ။
လက်ရှိသိရတဲ့သတင်းအရ Red Magic 5G စမတ်ဖုန်းဟာ Qualcomm Snapdragon 865 Processor ၊ 144Hz Refresh Rate Display ၊ Dual Mode 5G အပြင် ကမ္ဘာ့အမြန်ဆုံး Fast Charging ဖြစ်လာမယ့် 80W Fast Charging ကို Support ပြုလုပ်လာမှာပါ။
ဒီ 80W Fast Charging Feature ကို Nubia ရဲ့ President ဖြစ်တဲ့ Ni Fei ကနေ Weibo မှာ ဖော်ပြခဲ့တာဖြစ်တဲ့အတွက် တကယ် Red Magic 5G ဖုန်းမှာ ပါဝင်လာမှာသေချာသွားပါပြီ။ Ni Fei ဟာ အစောပိုင်းတုန်းကလည်း Weibo မှာပဲ Low Latency Wireless Screencasting Feature အသစ်ကို ပြသခဲ့ပါသေးတယ်။
ယခု ဓါတ်ပုံအရ Red Magic 5G စမတ်ဖုန်းဟာ 9.6A 8.4V နှုန်းနဲ့အားသွင်းသွားမှာဖြစ်ပြီး Battery Capacity က ဘယ်လောက်ရှိမလဲဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ZTE ရဲ့ ပြောကြားချက်အရတော့ USB Power Delivery (USB PD) Charging စနစ်ကိုပါ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် Nubia Red Magic 5G စမတ်ဖုန်းဟာ လက်ရှိစမတ်ဖုန်းတွေထဲမှာ အမြန်ဆုံးဖြစ်နေတဲ့ OPPO Reno Ace ရဲ့ 65W SuperVOOC Charging ထက် ပိုပြီးတောင် မြန်ဆန်မှာပါ။ Xiaomi ကနေ ပိုမြန်ဆန်တဲ့ 100W Super Charge Turbo နဲ့ Vivo က 120W Super FlashCharge နည်းပညာတွေကို ပြသခဲ့ပေမယ့် စမ်းသပ်ဆဲဖြစ်နေတဲ့အတွက် Red Magic 5G ဖုန်းက Charging Speed အမြန်ဆုံးဖြစ်လာမယ့်ပုံပါပဲ။
Ref – GSM Arena
Zawgyi
Ref – GSM Arena