Zawgyi

Xiaomi ဟာ သူရဲ႕ ေနာက္ဆံုးထြက္ Mi 8 Lite ကို ေနာက္တစ္မ်ိဳးထပ္ထုတ္ဖို႔ၾကိဳးစားေနပါတယ္။ Mi 8 မ်ိဳးႏြယ္ဝင္ျဖစ္တဲ့ Mi 8 Lite ရဲ႕ Edition ေနာက္တစ္မ်ိဳးျဖစ္ႏိုင္တဲ့ အေရာင္အသစ္နဲ႔ RAM 8 GB ပါဝင္တဲ့ ဖုန္းတစ္လံုးရဲ႕ Spec ေတြဟာ တရုတ္ အီလက္ထေရာနစ္ စံႏွုန္းသက္မွတ္တဲ့ ေအဂ်င္စီ TENAA မွာေပၚထြက္လာခဲ့ပါတယ္။

အဆိုပါ တရုတ္ ေအဂ်င္စီက ေပၚထြက္လာတဲ့ အခ်က္အလက္ေတြအရ အဆိုပါ Mi 8 Lite ရဲ႕ ေမာ္ဒယ္ နံပါတ္ဟာ “M1808D2TT” ျဖစ္ျပီး ရိုးရိုး Mi 8 Lite ေတြထက္ ထူးကဲတဲ့ အေရာင္နဲ႔ ပမာဏပိုမ်ားတဲ့ 8GB RAM တို႔ပါဝင္မွာပါ။ အဆိုပါ အေရာင္အသစ္က အျမင္အရမ္းဆန္းျပီး အားကစားသမားေတြဝတ္ဆင္ေလ့ရွိတဲ့ “Sporty Color” သို႔မဟုတ္ ႏွစ္ေရာင္စပ္ “Dual-color” လို႔ ေခၚဆိုႏိုင္ပါတယ္။

ပံုမွာျမင္ရတဲ့အတိုင္းပဲ ဖုန္းကိုယ္ထည္တစ္ခုလံုးရဲ႕ အဓိက အေရာင္ကို အနက္ေရာင္သံုးထားျပီး ဖုန္းကိုယ္ထည္ရဲ႕ေဘာင္ေတြနဲ႔ ကင္မရာအိမ္ရဲ႕ ေဘးေဘာင္ေတြကိုေတာ့ အနီေရာင္လိုိလုိ လိေမၼာ္ေရာင္လိုလို အေရာင္မ်ိဳးသံုးေပးထားတာေတြ႔ႏိုင္ပါတယ္။ Mi 8 Lite နဲ႔ ပက္သက္ျပီး ထူးျခားတဲ့ သတင္းေနာက္တစ္ခုလည္းထြက္ေပၚလာပါေသးတယ္။ ကိုယ္ထည္တစ္ခုလံုးကို အျဖဴေရာင္သံုးထားတဲ့ Mi 8 Lite တစ္လံုးလည္း ထုတ္ေတာ့မယ္လို႔ TENAA ရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြအရသိရပါတယ္။

အဆိုပါ Mi 8 Lite Edition ဟာ သာမာန္ Mi 8 Lite နဲ႔ အေရာင္ရယ္ 8GB RAM ကလြဲျပီး တစ္ျခားဘာမွ ၾကီးၾကီးမားမားကြဲျပားျခားနားျခင္းမရွိပါဘူး။ 6.26-inch IPS Display မွာ Resolution 1080 x 2280 ပါဝင္ပါတယ္။ Snapdragon 660 SoC, 256GB Storage တို႔ပါဝင္ျပီး Mi 8 Lite Edition ရဲ႕ ဒုတိယ ကင္မရာဟာ ရိုးရိုး Mi 8 Lite ကင္မရာထက္ Megapixel ပမာဏပိုမ်ားတဲ့ 8MP ကင္မရာကိုတပ္ဆင္ေပးထားမယ္လို႔ TENAA ကေျပာၾကားထားပါတယ္။ ရိုးရိုး Mi 8 Lite ရဲ႕ 5MP ရွိ ဒုတိယ ကင္မရာနဲ႔ ကြဲျပားေနတာေၾကာင့္ အသံုးျပဳမယ့္ Firmware ပါကြာျခားသြားမွာပါ။ ဘက္ထရီပမာဏကလည္း 3,250mAh မို႔ ရိုးရိုး Mi 8 Lite ရဲ႕ 3,350mAh ဘက္ထရီထက္ အနည္းငယ္ ေသးငယ္သြားပါတယ္။ Mi 8 Lite ရဲ႕ Edition အသစ္ကို TENAA မွာ စာရင္းသြင္းျပီးျပီမို႔ Xiaomi ကေနမၾကာခင္ မိတ္ဆက္ေတာ့မွာ အေသအခ်ာပါပဲ။

Ref: Gizmo China

Unicode

Xiaomi ဟာ သူရဲ့ နောက်ဆုံးထွက် Mi 8 Lite ကို နောက်တစ်မျိုးထပ်ထုတ်ဖို့ကြိုးစားနေပါတယ်။ Mi 8 မျိုးနွယ်ဝင်ဖြစ်တဲ့ Mi 8 Lite ရဲ့ Edition နောက်တစ်မျိုးဖြစ်နိုင်တဲ့ အရောင်အသစ်နဲ့ RAM 8 GB ပါဝင်တဲ့ ဖုန်းတစ်လုံးရဲ့ Spec တွေဟာ တရုတ် အီလက်ထရောနစ် စံနှုန်းသက်မှတ်တဲ့ အေဂျင်စီ TENAA မှာပေါ်ထွက်လာခဲ့ပါတယ်။

အဆိုပါ တရုတ် အေဂျင်စီက ပေါ်ထွက်လာတဲ့ အချက်အလက်တွေအရ အဆိုပါ Mi 8 Lite ရဲ့ မော်ဒယ် နံပါတ်ဟာ “M1808D2TT” ဖြစ်ပြီး ရိုးရိုး Mi 8 Lite တွေထက် ထူးကဲတဲ့ အရောင်နဲ့ ပမာဏပိုများတဲ့ 8GB RAM တို့ပါဝင်မှာပါ။ အဆိုပါ အရောင်အသစ်က အမြင်အရမ်းဆန်းပြီး အားကစားသမားတွေဝတ်ဆင်လေ့ရှိတဲ့ “Sporty Color” သို့မဟုတ် နှစ်ရောင်စပ် “Dual-color” လို့ ခေါ်ဆိုနိုင်ပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်းပဲ ဖုန်းကိုယ်ထည်တစ်ခုလုံးရဲ့ အဓိက အရောင်ကို အနက်ရောင်သုံးထားပြီး ဖုန်းကိုယ်ထည်ရဲ့ဘောင်တွေနဲ့ ကင်မရာအိမ်ရဲ့ ဘေးဘောင်တွေကိုတော့ အနီရောင်လိုလို လိမ္မော်ရောင်လိုလို အရောင်မျိုးသုံးပေးထားတာတွေ့နိုင်ပါတယ်။ Mi 8 Lite နဲ့ ပက်သက်ပြီး ထူးခြားတဲ့ သတင်းနောက်တစ်ခုလည်းထွက်ပေါ်လာပါသေးတယ်။ ကိုယ်ထည်တစ်ခုလုံးကို အဖြူရောင်သုံးထားတဲ့ Mi 8 Lite တစ်လုံးလည်း ထုတ်တော့မယ်လို့ TENAA ရဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

အဆိုပါ Mi 8 Lite Edition ဟာ သာမာန် Mi 8 Lite နဲ့ အရောင်ရယ် 8GB RAM ကလွဲပြီး တစ်ခြားဘာမှ ကြီးကြီးမားမားကွဲပြားခြားနားခြင်းမရှိပါဘူး။ 6.26-inch IPS Display မှာ Resolution 1080 x 2280 ပါဝင်ပါတယ်။ Snapdragon 660 SoC, 256GB Storage တို့ပါဝင်ပြီး Mi 8 Lite Edition ရဲ့ ဒုတိယ ကင်မရာဟာ ရိုးရိုး Mi 8 Lite ကင်မရာထက် Megapixel ပမာဏပိုများတဲ့ 8MP ကင်မရာကိုတပ်ဆင်ပေးထားမယ်လို့ TENAA ကပြောကြားထားပါတယ်။ ရိုးရိုး Mi 8 Lite ရဲ့ 5MP ရှိ ဒုတိယ ကင်မရာနဲ့ ကွဲပြားနေတာကြောင့် အသုံးပြုမယ့် Firmware ပါကွာခြားသွားမှာပါ။ ဘက်ထရီပမာဏကလည်း 3,250mAh မို့ ရိုးရိုး Mi 8 Lite ရဲ့ 3,350mAh ဘက်ထရီထက် အနည်းငယ် သေးငယ်သွားပါတယ်။ Mi 8 Lite ရဲ့ Edition အသစ်ကို TENAA မှာ စာရင်းသွင်းပြီးပြီမို့ Xiaomi ကနေမကြာခင် မိတ်ဆက်တော့မှာ အသေအချာပါပဲ။

Ref: Gizmo China