Poco က စွမ်းရည်မြင့် Snapdragon 8 Gen 2 Chipset ပါတဲ့ F6 Pro ကို ကြေညာလိုက်ပါတယ်။ Poco F6 ရဲ့ Snapdragon 8s Gen 3 Chipset နဲ့ အရင်နှစ်ထုတ် F5 Pro ရဲ့ Snapdragon 8+ Gen 1 Chipset ထက် စွမ်းရည်ပိုမို မြင့်မားပါတယ်။

Poco F6 arrives with SD 8s Gen 3 chip, Poco F6 Pro follows with an SD 8 Gen  2 - GSMArena.com news

အဲဒီဖုန်းမှာ 6.67” 1440p+ OLED Display တပ်ဆင်ထားပြီး 4,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ 12/256GB, 12/512GB နဲ့ 16GB/1TB Version တွေ ထုတ်လုပ်ထားပြီး LPDDR5X RAM နဲ့ UFS 4.0 Storage တွေ ဖြစ်ပါတယ်။

Poco F6 Pro With Snapdragon 8 Gen 2 SoC, 120W Fast Charging Launched:  Price, Specifications | Technology News

120W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး ၁၉ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းနိုင်ပါတယ်။ F5 Pro မှာလို Wireless Charging မပါလာတာက အားနည်းချက်ပါ။

ကင်မရာ အပိုင်းမှာ အရင်နှစ် မော်ဒယ်ထက် အများကြီး တိုးတက်လာပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 8MP Ultrawide ကင်မရာ ပါလာပြီး Telephoto မပါလာပါဘူး။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ Xiaomi က ရေစိုခံစံနှုန်းကို မပြောသွားဘဲ F5 Pro မှာတော့ IP53 ပါပါတယ်။

Poco F6 Pro ရဲ့ 12/256GB ကို ၅၀၀ ဒေါ်လာ ၊ 12/512GB ကို ၅၅၀ ဒေါ်လာနဲ့ 16GB/1TB ကို ၆၃၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena