Elon Musk ဟာ ဒေါ်လာ ၄၀၀ ဘီလီယမ် ချမ်းသာတဲ့ ပထမဆုံး လူသားဖြစ်လာခဲ့ပြီးနောက် ၄ လအတွင်း ဒေါ်လာ ၁၀၀ ဘီလီယမ် ဆုံးရှုံးခဲ့ကာ သူ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃၀၀ ဘီလီယမ်အောက်ကို ရောက်သွားပါတယ်။
Bloomberg ရဲ့ ဘီလီယမ်နာ အညွှန်းကိန်း အရ Musk ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ Tesla စတော့ဈေးနှုန်း ကျဆင်းမှုကြောင့် ဒေါ်လာ ၄.၄ ဘီလီယမ် ဆုံးရှုံးခဲ့ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂၉၇.၈ ဘီလီယမ် ဖြစ်သွားပါတယ်။ Bloomberg ရဲ့ ကမ္ဘာ့ အချမ်းသာဆုံး လူ ၅၀၀ စာရင်းမှာ သူဟာ ဆဋ္ဌမ ငွေကြေး အများဆုံး ဆုံးရှုံးသူ ဖြစ်လာပါတယ်။
Musk ဟာ နိုဝင်ဘာလနောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဒေါ်လာ ၃၀၀ ဘီလီယမ်အောက်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ချမ်းသာမှုဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန် မူဝါဒ အပါအဝင် လက်ရှိ ဖြစ်ပွားနေတဲ့ ဈေးကွက် မတည်ငြိမ်မှုတွေကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနဲ့ သောကြာနေ့တွေမှာ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃၁ ဘီလီယမ် ကျဆင်းသွားပါတယ်။
Tesla ရှယ်ယာတွေဟာ ထရမ့် ရွေးကောက်ပွဲနိုင်ပြီး အစပိုင်းမှာ ထိုးတက်သွားခဲ့ပြီး Musk ရဲ့ ပိုင်ဆိုင်မှုဟာ စံချိန်တင်မြင့်တက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ထရမ့် ရဲ့ အကြံပေး အဖြစ် တာဝန်ယူပြီးနောက်မှာ အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။
Ref : Economictimes