Apple က စတုတ္ထမျိုးဆက် iPad Pro ကို ကြေညာလိုက်ပြီး Apple ရဲ့ နောက်ဆုံးထုတ် M4 Chip ထည့်သွင်းထားပါတယ်။ M2 နဲ့ ယှဉ်ရင် M4 ရဲ့ CPU ဟာ ၁.၅ ဆ ပိုမြန်လာပြီး Graphic စွမ်းရည်ဟ ၄ ဆ ပိုကောင်းလာပါတယ်။

2024 iPad Pro: Space Black

11” နဲ့ 13” အရွယ်အစားတွေ ထုတ်လုပ်ထားပြီး 2024 iPad Pro ဟာ OLED Display ပါတဲ့ ပထမဆုံး iPad Pro ဖြစ်လာပါတယ်။ 120Hz Refresh Rate နဲ့ 1000 Nits Brightness ထောက်ပံ့ထားပြီး 256GB/512GB/1TB/2TB Storage ထုတ်လုပ်ထားပါတယ်။

11” မော်ဒယ်မှာ 31.29Whr Battery နဲ့ 13” မော်ဒယ်မှာ 38.99Whr Battery ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 12MP Ultrawide ကင်မရာနဲ့ အနောက်ဘက်မှာ 4K Video ရိုက်ကူးနိုင်တဲ့ 12MP ကင်မရာ တပ်ဆင်ထားပါတယ်။ လုံခြုံရေးအတွက် Face ID ထောက်ပံ့ထားပြီး စပီကာ ၄ လုံး ပါပါတယ်။ Apple Pencil Pro အသစ်၊ Magic Keyboard နဲ့ တွဲဖက် အသုံးပြုနိုင်ပြီး USB-C 4 , 5G, WiFi 6E ပါပါတယ်။ Software က iPad OS 17 ဖြစ်ပါတယ်။

အမေရိကန်မှာ 11” နဲ့ 13” iPad Pro (WiFi Only) Versiion ကို ၉၉၉ နဲ့ ၁၂၉၉ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ ဆယ်လ်လူတာ မော်ဒယ်က ဒေါ်လာ ၂၀၀ ပိုများပါတယ်။ Space Black နဲ့ Silver အရောင်ထုတ်လုပ်ထားပြီး နိုင်ငံတော်တော်များများမှာ မေလ ၁၅ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina