Geekbench မှာ Samsung SHG-N378 မော်ဒယ် နံပါတ် ဖုန်း အသစ် ၁ လုံးကို တွေ့လာရပါတယ်။ အဲဒီဖုန်းရဲ့ နာမည်နဲ့ Specs များစွာကို မဖော်ပြထားပေမယ့် 6GB RAM နဲ့ Android 10 OS ထည့်သွင်းထားတယ်လို့ စာရင်းသွင်းထားပါတယ်။ နာမည်ကျော် Leakster ၁ ယောက်ကလည်း အဲဒီ ဖုန်းရဲ့ တခြား သတင်းအချက်အလက်တွေကို မျှဝေလိုက်ပြီး Adreno 619 GPU ပါမယ်လို့ သိရပါတယ်။ Geekbench က အမှတ်အရ အဲဒီ ဖုန်းမှာ Qualcomm ရဲ့ တန်ဖိုးနည်း 5G Chipset ဖြစ်တဲ့ Snapdragon 750G ပါလာနိုင်ပါတယ်။

အဲဒီ ဖုန်းဟာ Samsung Galaxy A52 5G ဖြစ်နိုင်ပြီး အရင် ပေါက်ကြားသတင်းတွေအရ Galaxy A52 5G မှာ အဲဒီ Chipset ပါမယ်လို့ သိခဲ့ရပါတယ်။ ဒါ့အပြင် ကြေညာထားပြီး ဖြစ်တဲ့ Galaxy A42 5G နဲ့လည်း အများကြီး တူနေပါတယ်။

Samsung SGH-N378 GeekBench and hardware leakSamsung SGH-N378 GeekBench and hardware leak

ဒါပေမယ့် Galaxy A52 5G ရဲ့ Geekbench က SGH-N378 မော်ဒယ်နံပါတ်က ထူးခြားနေပါတယ်။ Galaxy A42 5G ရဲ့ မော်ဒယ် နံပါတ်တွေက SM-A426B နဲ့ SM-A426B/DS တွေ ဖြစ်ပါတယ်။ အဲဒီအတွက် SGH-N378 ဟာ မော်ဒယ် နံပါတ် အစစ် မဟုတ်သေးဘဲ စမ်းသပ်ဆဲ ဖုန်း ၁ လုံး ဖြစ်နိုင်ပါတယ်။ Samsung ဟာ အဲဒီလို မော်ဒယ်နံပါတ်တွေကို ၂၀၁၃ ခုနှစ် မတိုင်ခင်က အသုံးပြုနေကျဖြစ်ပြီး အဲဒီနှစ် နောက်ပိုင်းမှာတော့ မတူညီတဲ့ မော်ဒယ်နံပါတ်တွေကို ပေးလာပါတယ်။

ဒါ့အပြင် SGH-N378 မော်ဒယ်နံပါတ်ဟာ Galaxy Family အသစ်စက်စက်လည်း ဖြစ်သွားနိုင်ပါတယ်။ Samsung ဟာ Galaxy M12 ကိုလည်း ဖန်တီးနေတယ်လို့ သတင်းထွက်နေပြီး အဲဒီ ဖုန်း ဒီဇိုင်းဟာ Galaxy A42 နဲ့ တော်တော် တူညီနေတယ်လို့ သတင်းပေါက်ကြားနေပါတယ်။

Ref : gsmarena