OPPO က Android Update ဖြန့်ချိရာမှာ နောက်ကျလေ့ရှိတဲ့ ထုံးစံကို ပြင်ဆင်နေပါတယ်။ OPPO က မကြာခင်က ရောင်းချခဲ့တဲ့ စမတ်ဖုန်းတွေအတွက် Android 10 Update အမြန်ဆုံးရအောင် ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ စမတ်ဖုန်း ၆ လုံးအတွက် ဖြန့်ချိပေးခဲ့ပါတယ်။ အခုတော့ ဧပြီလမှာ ColorOS 7 ရမယ့် စမတ်ဖုန်း စာရင်းကို ကြေညာလိုက်ပါတယ်။ အစောဆုံး အနေနဲ့ ၂၀၁၈ ထုတ် OPPO Find X Series အတွက် ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။
ColorOS 7 April rollout
April 13
- Oppo Find X
- Find X Lamborghini Edition
- Find X Super Flash Edition
April 17
- Oppo Reno2
April 20
- Oppo R17
- R17 Pro
- Oppo R17 New Year Edition
- R17 Pro New Year Edition
- Oppo R17 Pro King of Glory Edition
- Reno Z
- Oppo Reno2 Z
ColorOS 7 မှာ System-wide Dark Theme နဲ့ Interface အသစ် အပြင် တိုးတက်မှုများစွာ ပါလာပါတယ်။ ဒါ့အပြင် လုံခြုံရေး ပိုကောင်းလာပြီး Stock Camera App အတွက် လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းထားပါတယ်။ တရုတ်က အလုံးတွေအတွက်ပဲ Android 10 Update ကို ဖြန့်ချိပေးမှာ ဖြစ်ပြီး နောက်ပိုင်းကျမှ တခြား နိုင်ငံတွေအတွက် ရမှာပါ။ သင့်ဖုန်းမှာ ရပြီလားဆိုတာ သိချင်ရင် Settings> Software Update ထဲမှာ စစ်ဆေးနိုင်ပါတယ်။
Ref : gizchina