Google က Video Call အတွင်း Grid ၁ ခုမှာ လူ ၁၆ ယောက်ကို မြင်ရတဲ့ လုပ်ဆောင်ချက်ကို Google Meet မှာ ထည့်ပေးလိုက်ပြီလို့ ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပြီး ဒါဟာ Zoom ရဲ့ နာမည်အကြီးဆုံး လုပ်ဆောင်ချက်ကို လိုက်ယှဉ်ပြိုင်တာပါ။ အခုလည်း Google Meet မှာ Video Call လုပ်ရင် ပိုကောင်းစေတဲ့ လုပ်ဆောင်ချက် အနည်းငယ် ထည့်သွင်းပေးလိုက်ပါတယ်။

အခုဆိုရင် Window or Screen ၁ ခုလုံးအစား Chrome Tab ၁ ခုကိုပဲ Stream လုပ်လို့ရလာပါပြီ။ Google က Tab ၁ ခုထဲကို မျှဝေတာက Video အရည်အသွေး ပိုကောင်းတယ်လို့ ပြောပါတယ်။ AI ကြောင့် Low Light မှာ  Video အရည်အသွေး ပိုကောင်းလာပြီး အောက်က Video မှာ အဲဒီ နည်းပညာကို လေ့လာနိုင်ပါတယ်။

Google က ခွေးဟောင်တာ၊ သင့် ပတ်ဝန်းကျင်က လူတွေရဲ့ ဆူညံသံတွေကို ဖျောက်ပေးတဲ့ Noise Cancellation ကိုလည်း ထည့်သွင်းပေးလိုက်ပါတယ်။ Zoom ကလည်း Noise Cancelling လုပ်ဆောင်ချက်ကို ပံ့ပိုးပေးထားပေမယ့် Video Call မှာ ပါဝင်သူတွေ စကားမပြောတဲ့ အချိန်ကျမှပဲ ပြုလုပ်ပေးတာဖြစ်တဲ့အတွက် Google ရဲ့ နည်းပညာက ပိုလန်းပါတယ်။

Meet ဟာ Zoom ရဲ့ လူကြိုက်များမှုကို အမှီလိုက်နိုင်ဖို့ အဝေးကြီးလိုသေးပေမယ့် Google ဟာ AI နည်းပညာ အပိုင်းမှာ အရမ်း ကောင်းတဲ့အတွက် လာမယ့် ရက်သတ္တပတ် ဒါမှမဟုတ် လအနည်းငယ်အတွင်းမှာ Zoom ကို အမှီလိုက်နိုင်တော့မှာပါ။

Ref : tnw