Xiaomi က ပြီးခဲ့တဲ့ လမှာ MIUI 12 Custom Android Skin ကို ကြေညာခဲ့ပြီး မိခင်နိုင်ငံ တရုတ်မှာ MIUI 12 Beta Program ကို စတင် ပြုလုပ်ပေးထားပါတယ်။ အခုတော့ Xiaomi က MIUI 12 Global ROM Pilot Tester တွေကို အိန္ဒိယမှာ ခေါ်ယူနေပါပြီ။
Mi fans, it's a now or never opportunity for you. A chance to be one among the first ones to test #MIUI12 on your device. Let's join hands and make it better for everyone.
Apply now: https://t.co/pyG3pqXAZZ
Note: Only for #RedmiK20 series.
RT if you can't wait to test it. pic.twitter.com/7reB2akWDH
— MIUI India for #MiFans (@MIUI_India) May 6, 2020
Xiaomi ဟာ လက်ရှိမှာ Redmi K20 နဲ့ Redmi K20 Pro စမတ်ဖုန်း ၂ လုံးအတွက်ပဲ MIUI 12 Pilot Tester တွေကို စုဆောင်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ ပါဝင်လာမယ့် Device တွေ အရမ်းများပြားလာမယ်လို့ ထင်ပါတယ်။
စိတ်ဝင်စားသူတွေဟာ Pilot Testing Program မှာ မေလ ၁၄ ရက် မတိုင်ခင် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ် သတင်းအချက်အလက်တွေကို နိုင်ငံတကာ Mi Community Website မှာ ဖော်ပြထားပါတယ်။ ဒါဟာ Stable Version မဟုတ်တဲ့အတွက် Software Bugs တွေ ပါလာနိုင်ပါတယ်။ အဲဒီအတွက် အရေးကြီး ဒေတာတွေ ထည့်သွင်းထားတဲ့ ဖုန်းတွေမှာ မထည့်သွင်းသင့်ပါဘူး။
Xiaomi ဟာ MIUI 12 Global Version ကို မကြေညာရသေးပါဘူး။ ဒါပေမယ့် အိန္ဒိယမှာ Mi 10 Series ၊ တခြား ထုတ်ကုန်တွေနဲ့အတူ MIUI 12 ကို မေလ ၈ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။
Ref : gsmarena