Meizu ကုမ္ပဏီရဲ့ ကြာမြင့်ရှည်လျားတဲ့ Teaser ကာလကိုကျော်လွန်ပြီး ရက်ပိုင်းအတွင်းမှာ Meizu 17 နဲ့ 17 Pro စမတ်ဖုန်းသစ်တွေကို မိတ်ဆက်လာတော့မှာပါ။ ဒီတစ်ခါတော့ ထွက်ရှိချိန်နီးနေတဲ့ ဖုန်းတွေဟာ Geekbench ပေါ်မှာ အစစ်ဆေးခံခဲ့ကြောင်း ထွက်ပေါ်လာပါတယ်။

Meizu 17 ဖုန်းဟာ 8GB RAM နဲ့ 17 Pro ကတော့ 12GB RAM အသီးသီးသယ်ဆောင်လာပြီး Benchmark ဆိုက်ပေါ်မှာ အတည်ပြုခံခဲ့ကြတာပါ။ ဟန်းဆက်နှစ်ခုလုံး Android 10 အသုံးပြုထားပြီး ကုမ္ပဏီပိုင် Flyme OS 8.1 နဲ့ ဖြစ်မှာပါ။ ချစ်ပ်ဆက်ကလည်း နှစ်လုံစလုံးမှာ ကုဒ်နာမည် “Kona” ကိုပဲအသုံးပြုထားပြီး အားလုံးသိတဲ့အတိုင်း Snapdragon 865 ကို ရည်ညွှန်းတာဖြစ်ပါတယ်။

Meizu 17 Pro မှာ 27W ကြိုးမဲ့အားသွင်းစနစ်နဲ့ 40W အားသွင်းစနစ်ဆိုပြီး နှစ်မျိုးပါလာမှာပါ။ ဒါ့အပြင် UFS 3.1 Storage နဲ့ LPDDR5 RAM နည်းပညာသစ်တွေကိုလည်း မြင်ရမှာဖြစ်လို့ စောင့်ကြည့်ရမယ့် စမတ်ဖုန်းဖြစ်ပါတယ်။ သူ့မှာ 64MP ဦးဆောင်တဲ့ Quad-camera ကိုမြင်ရမှာဖြစ်ပြီး 90Hz Refresh Rate နဲ့ Super AMOLED Display လည်း ပါပါတယ်။

Meizu 17 မှာ 30W အားသွင်းစနစ်နဲ့ 4,500 mAh ဘက္ထရီပါလာမယ်လို့ဆိုထားပေမယ့် 17 Pro ရဲ့ ဘက္ထရီ အရွယ်အစားကိုတော့ မသိရသေးပါဘူး။ ဒီဖုန်းနှစ်လုံးကို မေလ ၈ ရက်နေ့ ဒီနေ့မှာမိတ်ဆက်လာမှာပါ။

Ref – GSM Arena