realme Myanmar ကလာမည့် မေလ ၁၂ရက်တွင် realme စမတ်ဖုန်း series သစ်ဖြစ်သည့် 6 series ကို တရားဝင်မိတ်ဆက်ပေးသွားရန်ရှိနေပြီး ယခင် 5 series ထက် ပိုမိုသာလွန်ထူးခြားသည့် Hardware နှင့် Software ဆိုင်ရာများကို user များအနေဖြင့် ထိတွေ့အသုံးပြုနိုင်စေမည်ဖြစ်ပြီး Premium Mid-ranger series တွင် Flagship-level အတွေ့အကြုံမျိုးကို အကြီးမားဆုံးအဖြစ် ရရှိခံစားရစေမည်ဖြစ်သည်။

realme 6 series တွင် realme 6 နှင့် realme 6 Pro အဖြစ် ထုတ်ကုန်၂မျိုးပါဝင်ပြီး 64MP ProCamera ProDisplay ဆိုသည့်အတိုင်း ၂မျိုးစလုံးတွင် ပိုမိုအရည်အသွေးမြင့်မားသည့် 64MP နောက်ဘက်ကင်မရာများကို အသုံးပြုပေးထားမည်ဖြစ်သလို ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံပိုင်းတွင်လည်း ပိုမိုဆန်းသစ်သည့် feature များကို အသုံးပြုရမည်ဖြစ်သည်။ ProDisplay ဟုဆိုထားသည့်အတိုင်း FullHD+ ရုပ်ထွက်အရည်အသွေးကိုမှ 90Hz Screen Refresh Rate စနစ်ကို ထည့်သွင်းအသုံးပြုပေးထားခြင်းကြောင့် ထိတွေ့တုံ့ပြန်မှုအပိုင်းအထူးမြန်ဆန်ကောင်းမွန်ကာ ဂိမ်းကစားခြင်းအတွေ့အကြုံပိုင်းတွင် အားသာချက်တစ်ခုအဖြစ် ရရှိစေမည်ဖြစ်သည်။ ထုတ်ကုန် ၂မျိုးစလုံးတွင် ယခင်ထက်ပိုမိုမြန်ဆန်သည့် 30W Flash Charge အားအမြန်သွင်းစနစ်ကိုထည့်သွင်းပေးထားခြင်းကြောင့် 4300mAh battery ကို တစ်နာရီအတွင်းမှာပင် 0 to 100 % အဖြစ် အားအပြည့်သွင်းပေးနိုင်မည်ဖြစ်သည်။

realme 6 တွင် ယခင် 5 Pro တွင်အသုံးပြုထားသည့် Snapdragon 712 CPU ထက်များစွာသာလွန်သော Helio G90T CPU ကိုတိုးမြှင့်အသုံးပြုပေးထားပြီး realme 6 Pro အတွက် Overall Performance အထူးကောင်းမွန်သည့် Snapdragon 720G CPU ကိုထည့်သွင်းပေးထားသည်။ realme 6 တွင်ရှေ့ဘက် 16MP Selfie ကင်မရာအပါအဝင် ကင်မရာ ၅လုံးပါဝင်ပြီး၊ realme 6 Pro တွင် Dual In-display Selfie စနစ်ကိုပထမဆုံးအဖြစ်ထည့်သွင်းပေးထားကာ မြင်ကွင်းကျယ် Selfie ရိုက်ကူးမှုအတွေ့အကြုံသစ်ကိုပါတိုးမြှင့်ရရှိစေမည်ဖြစ်သည်။ realme 6 အတွက် Comet White နှင့် Comet Blue ၂ရောင်ရွေးချယ်နိုင်ပြီး realme 6 Pro တွင် Lightning Red နှင့် Lightning Blue ၂ ရောင်ကိုရွေးချယ်နိုင်စေမည်ဖြစ်ကာ နောက်ဘက်ဒီဇိုင်းမှာ Model အလိုက် တစ်မျိုးစီလှပဆွဲဆောင်မှုအပြည့်ရှိစေမည်ဖြစ်သည်။ ထို့အပြင် realme 6 Pro ၏နောက်ကျော်ဘက်ကို ပိုမို Premium ဆန်သည့် Corning Gorilla Glass ဖြင့် ဖုံးအုပ်ပေးထားသည့် ဖန်သားနောက်ကျော်မျက်နှာပြင်မျိုးဖြစ်သည်။