၂၀၂၀ ခုနှစ်ရဲ့ ပထမသုံးပုံတစ်ပုံမှာတော့ Esports ပွဲတော်တော်များများဖျက်သိမ်းခဲ့ရတာနဲ့အတူ ပရိုကစားသမား တွေရဲ့ သက်ဆိုင်ရာဂိမ်းထဲက Rank တင်တာတွေကို မြင်တွေ့လာရပါတယ်။ ဒီနေ့မှာတော့ လက်ရှိအမြင့်ဆုံးဖြစ်တဲ့ MMR 10K (10,000) ကိုရောက်ရှိခဲ့တာက မလေးရှားလူမျိုးကစားသမား Vincent “AlaCrity” ဖြစ်ပါတယ်။

SEA အခြေစိုက် Reality Rift အသင်းမှ Mid ကစားသမား AlaCrity ဟာ Dota 2 MMR 10K ကျော်သွားတဲ့ ၂၄ ယောက်မြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ MMR ကို တင်ဖို့အတွက်တော့ အပိုင်နိုင်ဆုံး Mid-lane နဲ့ပဲ ကစားခဲ့တာတွေ့ရပြီး Templar Assassin ဟီးရိုးကို အများဆုံး အသုံးပြုခဲ့ပါတယ်။

SEA ဒေသအတွင်းက Dota 2 ကစားသမားတွေထဲမှာ MMR 10K ရောက်ခဲ့သူ ဆယ်ယောက်ထိရှိပြီး AlaCrity ဟာ “MidOne” နဲ့ “Nothingtosay” တို့ပြီးရင် တတိယမြောက် မလေးရှားကစားသမားဖြစ်ပါတယ်။ Nothingtosay ကတော့ လက်ရှိမှာ တရုတ်အခြေစိုက် EHOME အသင်းမှာ ကစားနေပြီး တရုတ်ဆာဗာမှာ Rank 1 အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးအနေနဲ့ဆိုရင်တော့ 10K MMR ကိုရောက်ရှိခဲ့သူ ၂၄ ယောက်ထိ ရှိခဲ့ပါပြီ။ ဒါ့ကြောင့် ၂၅ ယောက်မြောက် 10K MMR ကစားသမားရော ဘယ်သူဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းကြည့်ကြပါဦးနော်။

Ref – AFKGaming