realme ကနေ အခုအချိန်မှာ တရုတ်နိုင်ငံအတွင်းမှာ realme X စမတ်ဖုန်းကို မိတ်ဆက်ခဲ့တာ တစ်နှစ်ပြည့်အထိန်းအမှတ်အနေနဲ့ အောင်ပွဲခံနေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကုမ္ပဏီရဲ့ Executive ကနေ လက်ရှိ realme စမတ်ဖုန်းတွေကို တကမ္ဘာလုံးမှာ အသုံးပြုသူ ၃၅ သန်းကျော်အထိ ရှိနေပြီဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
realme ဟာ အချိန်တိုတိုနဲ့ အောင်မြင်မှုအကြီးအကျယ်ရရှိလာတာကတော့ ဝမ်းသာစရာဖြစ်သလို အခုလိုမျိုး အထိမ်းအမှတ်အနေနဲ့လည်း နောက်ထပ် စမတ်ဖုန်းအသစ်ကိုပါ မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းအသစ်ကိုတော့ လာမယ့် မေလ ၂၅ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။
ဒါပေမယ့် realme ကနေ အသစ်မိတ်ဆက်သွားမယ့် စမတ်ဖုန်းအကြောင်းကိုတော့ အသေးစိတ်မသိရှိရသေးသလို Codename အနေနဲ့ “Blade Runner” လို့ နာမည်ပေးထားတယ်လို့ပဲ သိရပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်တာကတော့ Gaming ပိုင်းအတွက် အဓိကရည်ရွယ်ထားတဲ့ သီးသန့် Edition ဖုန်းတစ်လုံးဖြစ်လာနိုင်ခြေများနေပါတယ်။
realme ရဲ့ Chief Marketing Officer ဖြစ်တဲ့ Wu Qi Chase ရဲ့ ပြောကြားချက်အရတော့ အဆိုပါဖုန်းဟာ အကြီးအကျယ် Surprise ဖြစ်စေမယ့် Anniversary Gift ဖုန်းတစ်လုံးဖြစ်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် realme ရဲ့ စမတ်ဖုန်းအသစ်ဟာ လက်ရှိမိတ်ဆက်ထားပြီးဖြစ်တဲ့ realme X50 Pro 5G ဖုန်းနဲ့ ဆင်တူပြီးတော့ Snapdragon 865 သို့မဟုတ် မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ Snapdragon 768G Chipset ကို အသုံးပြုလာမယ်လို့ ယူဆရပါတယ်။
Ref – GSM Arena