Xiaomi က လက်ရှိအချိန်မှာ True Wireless Earbuds အသစ်ဖြစ်တဲ့ Mi AirDots 2S ကို မိတ်ဆက်ထားတာ ရက်သတ္တပတ်အနည်းငယ်ပဲရှိနေပါသေးတယ်။ အခုလည်း အဆိုပါ Mi AirDots 2S ထက် စျေးထက်ဝက်သက်သာတဲ့ Mi AirDots 2 SE အသစ်ကို မိတ်ဆက်လိုက်ပါပြီ။

Mi AirDots 2 SE ဟာ ယခင် Mi AirDots 2 နဲ့ 2S တွေထက် စျေးပိုသက်သာနေတာကတော့ High Definition Codec ဖြစ်တဲ့ LHDC ကို Support ပြုလုပ်ခြင်းမရှိတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက်ဖုန်းနဲ့ ချိတ်ဆက်တဲ့အချိန်မှာ AAC Codec ကိုပဲ အသုံးပြုနိုင်မှာဖြစ်ပြီး Bluetooth Version အနေနဲ့ကတော့ Bluetooth 5.0 ကို Support ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ ဆက်တိုက်နားထောင်မယ်ဆိုရင် ၅ နာရီဆက်တိုက် နားထောင်နိုင်မှာဖြစ်သလို Charging Case ကနေလည်း နောက်ထပ် နာရီ ၂၀ ထပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အားသွင်းတဲ့အချိန်မှာလည်း USB-C ကနေတစ်ဆင့် အားသွင်းရမှာဖြစ်ပါတယ်။

Mi AirDots 2 SE ဟာ စျေးသက်သာတဲ့ TWS Earbuds တစ်ခုဖြစ်ပေမယ့် Wear Detection နဲ့ ဖုန်းပြောဆိုတဲ့အချိန်မှာ နောက်ဖက်ကအသံတွေကို ဖယ်ရှားပေးနိုင်တဲ့ Environmental Noise Cancellation လိုမျိုး Feature တွေပါဝင်မယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ယွမ် ၁၇၀ (မြန်မာငွေ ၃ သောင်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်ပြီး လာမယ့် မေလ ၁၉ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena