Reamme X50 အမျိုးအစားဟာ သုံးမျိုးရှိပါတယ်။ Realme X50 Pro 5G, Realme X50 5G နဲ့ Realme X50m 5G တို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ စတုတ္ထမြောက် မိသားစုဝင်ကို လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း မိတ်ဆက်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပေါက်ကြားမှုအရ Realme X50 Pro Player Edition ဟာ စတုတ္ထမြောက် မိသားစုဝင်ဖြစ်ပြီး Realme X50 Pro 5G ကို အနည်းငယ် အဆင့်နှိမ့်ထားတဲ့ အမျိုးအစားလို့လည်း ပြောနိုင်ပါတယ်။ ဒီအချက်အလက်တွေကို Weibo ရဲ့ အထင်ကရ Leakster ဖြစ်တဲ့ Digital Chat Station က မျှဝေပေးခဲ့တာဖြစ်တဲ့အတွက် ပိုပြီးစိတ်ဝင်စားစရာကောင်းနေပါတော့တယ်။
Realme X50 Pro Player Edition ဟာ 6.44-inch မျက်နှာပြင်နဲ့ဖြစ်ပြီး 90Hz refresh rate နဲ့ 2000 x 1080 resolution ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ Double punch-hole နဲ့အတူ Selfie ကင်မရာနှစ်လုံးလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။ Chipset ပိုင်းကတော့ Snapdragon 865 processor သုံးထားပြီး 8GB of RAM နဲ့ 128GB storage နဲ့ ဖြစ်ပါတယ်။
Realme X50 Pro မှာ 32MP + 8MP Dual selfie ကင်မရာနှစ်လုံးပါဝင်တယ်ဆိုပေမယ့် Realme X50 Pro Player Edition မှာတော့ 16MP + 2MP ပဲ ပါဝင်မှာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာပိုင်းကတော့ အရေအတွက်မပြောင်းလဲပေမယ့် အဓိကကင်မရာက 48MP sensor ဖြစ်ပြီး Telephoto camera ပါဝင်မှာ မဟုတ်ပါဘူး။ Ultrawide angle camera က 8MP ဖြစ်ပြီး နောက်ထပ် 2MP sensor နှစ်ခုရှိနေမှာဖြစ်ပါတယ်။
ဘက်ထရီကတော့ 4,200mAh ပမာဏဖြစ်ပြီး 65W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။ Realme X50 Pro Player Edition ကို လာမယ့်မေလ ၂၅ ရက်နေ့မှာ အခြားထုန်ကုန်နှစ်ခုနဲ့အတူ မိတ်ဆက်သွားဦးမယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။
Ref: GSM Arena