မကြာခင်မိတ်ဆက်လာမယ့် Vivo Y70s စမတ်ဖုန်းဟာ တရုတ်အရောင်းဝက်ဆိုက်တွေဖြစ်တဲ့ Tmall နဲ့ JD.com တို့ပေါ်ကို ရောက်ရှိလာပါပြီ။ ဒီဝက်ဆိုက်နှစ်ခုမှာ Y70s ရဲ့ အချက်အလက်တွေနဲ့ Render ပုံရိပ်တွေကို ဖော်ပြလာခဲ့ပြီး သူ့ရဲ့ စျေးနှုန်းပါတဲ့ ပိုစတာတစ်ခုကတော့ Weibo မှာမြင်ခဲ့ရပါတယ်။

Vivo Y70s ရဲ့ 6.53” အရွယ် IPS LCD Display ဟာ 60Hz Refresh Rate ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Exynos 880 5G ချစ်ပ်ဆက်အသုံးပြု ပထမဆုံးစမတ်ဖုန်းအဖြစ် စျေးကွက်ထဲ ရောက်ရှိလာမှာပါ။ Vivo Y70s ဟာ Punch-hole တစ်ခုနဲ့ Display ပါဝင်ပြီး Fingerprint ကတော့ ညာဘက်ဘေးမှာ ထည့်ထားပါတယ်။ နောက်ကျောမှာ ကင်မရာသုံးလုံးကို ဒေါင်လိုက်စီရီထည့်သွင်းထားတယ်။

Tmall မှာတော့ Vivo Y70s ကို Fog Illusion, Starlight Blue နဲ့ Moon Shadow Black ဆိုပြီး အရောင်သုံးမျိုးနဲ့ တွေ့ရပါတယ်။ မန်မိုရီက 6/128GB နဲ့ 8/128GB နှစ်မျိုးဖြစ်ပြီး ပိုစတာပေါ်မှာ 8/128GB ရဲ့စျေးနှုန်းက ယွမ် ၂၁၉၈ (မြန်မာငွေ လေးသိန်းသုံးသောင်း) လို့ဖော်ပြထားတယ်။

ရှေ့ဘက်မှာ ဆဲလ်ဖီရိုက်ဖို့ 16MP ကင်မရာတစ်လုံးပါရှိပြီး နောက်ဘက်မှာ 48MP + 8MP + 2MP Sensor အတွဲ ဖြစ်ပါတယ်။ ဘက္ထရီက 4,500 mAh အကြီးစားကို 18W MicroUSB အားသွင်းစနစ်က ထောက်ပံ့ပေးထားယ်။ Vivo Y70s ရဲ့ ထွက်ရှိရက်ကိုတော့ အခုထိ အတည်မပြုရသေးပါဘူး။

Ref – GizmoChina