Huawei က စမတ်ရုံး ဂေဟစနစ်၏ အခြေအနေတိုင်းအတွက် ဉာဏ်ရည်မြင့် အပြီးသတ်ဝန်ဆောင်မှု ပေးနိုင်သည့် မျိုးဆက်သစ် IdeaHub စီးရီး ထုတ်ကုန်သစ်ကိုမိတ်ဆက်လိုက်သည်။ ယင်းဖြင့် စီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်၊ အထူးသဖြင့် social distancing ပြုလုပ်နေစဉ်ကာလအတွင်း အဝေးရောက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန် ရည်ရွယ်သည်။
Huawei IdeaHub သည် ယခု Cloud ခေတ်အတွင်း အခြေအနေတိုင်းအတွက် စမတ်ရုံးစနစ်ကို ဖော်ဆောင်နိုင်ရန် ဖန်တီးထားသည့် ထုတ်လုပ်မှုစွမ်းအားမြှင့်တင်သည့် ကိရိယာသစ်တစ်ခု ဖြစ်သည်။ ယင်း ဉာဏ်ရည်မြင့် အပြီးသတ်ဝန်ဆောင်မှုပေးသည့်ကိရိယာတွင် မိုဘိုင်းဖုန်းများနှင့် PC ကွန်ပျူတာများကြား screen များ ချိတ်ဆက်ပြသနိုင်မှု၊ အပြန်အလှန် တုံ့ပြန်ချိတ်ဆက်နိုင်သည့် white-board၊ အဝေးရောက် ပူးပေါင်း ဆောင်ရွက်ခြင်း၊ FHD ဗီဒီယို အစည်းအဝေးခေါ်ဆိုမှုနှင့် HD AppGallery စသည့် လုပ်ဆောင်ချက်များစွာ ပူးပေါင်းပါဝင်သည်။
ယင်းကိရိယာကို ရွေ့လျားနိုင်သည့် စင်ပေါ်တွင် တင်၍လည်းကောင်း၊ နံရံကပ်၍သော်လည်းကောင်း လုပ်ငန်းခွင် အစည်းအဝေးခန်းများ၊ ရုံးခန်းကျယ် (open office)များတွင်သာမက အိမ်ရုံးခန်း (home office)များ စသည်ဖြင့် ပတ်ဝန်းကျင်အမျိုးမျိုးတွင် အသုံးပြုနိုင်သည်။ ယင်း၏ စွမ်းဆောင်ရည်မြင့်မားမှုနှင့် တပ်ဆင်ရလွယ်ကူမှုတို့က အလုပ်နေရာတိုင်းအတွက် ဉာဏ်ရည်မြင့်ရုံးစနစ်နှင့် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုတို့ကို ဖော်ဆောင် ပေးနိုင်သည်။
အလားတူ ထုတ်ကုန်များနှင့် ဖြေရှင်းမှုနည်းလမ်း (solutions) များကို ကပ်ရောဂါကာလအတွင်း အဝေးရောက် အစည်းအဝေးခေါ်ဆိုခြင်းနှင့် ဆက်သွယ်ရေးဆေးပညာတို့တွင် ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန်၊ ဆေးရုံဆေးခန်းများတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းများအတွက် အန္တရာယ်သက်ရောက်နိုင်ချေ လျှော့ချပေးရန် ရည်ရွယ်ချက်များဖြင့် ယခင်ကပင် အသုံးပြုနေခဲ့ကြသည်။
Huawei IdeaHub တွင် ဉာဏ်ရည်မြင့် display ပြသမှုစနစ်၊ ဉာဏ်ရည်မြင့် လက်ရေးမှတ်သားနိုင်စွမ်း၊ acoustic baffle အသံစွမ်းဆောင်ရည်မြှင့်စနစ်နှင့် စကားပြောဆိုသူကို မှတ်သားပြီး အသေးစိတ် အသံအရုပ် ဖမ်းယူပေးနိုင်သည့် speaker tracking စနစ်များ ပါဝင်သည်။ Huawei IdeaHub တွင် အစည်းအဝေး ဆောင်ရွက်မှုများအတွက် cloud အခြေခံစနစ်များ၊ ရုံးတွင်းစက်ကိရိယာအခြေခံ (on-premises) စနစ်များ ပါဝင်သည်။ ထို့အပြင် AppGallery လည်း ပါရှိသည်။
အဆိုပါ IdeaHub ထုတ်ကုန်သစ်များအသုံးပြုခြင်းခြင့် ကျယ်ပြန့်စုံလင်သော အကျိုးကျေးဇူးများကို ရရှိနိုင်သည်။ ပထမအချက်အနေဖြင့် နည်းပညာများက မတူညီသောနယ်မြေ၊ မတူညီသောလုပ်ငန်းတစ်ခုနှင့် တစ်ခု ဆက်သွယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို ဖြစ်စေသည်။ ဒုတိယအချက်အနေဖြင့် ယင်းတို့က လုပ်ငန်းသုံးကြီးများနှင့် ဖန်တီး ထုတ်လုပ်မှု application များစွာကို ပေါင်းစပ်လွှမ်းခြုံထားနိုင်သည်။ တတိယအချက်အနေဖြင့် ယင်းတို့က ရုံးစနစ်များ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဖန်တီးထုတ်လုပ်ရေးများတွင် ပူးပေါင်းဆောင်ရွက်နိုင်စေသည်။ နောက်ဆုံးအချက်အနေဖြင့် ယင်းတို့က စရိတ်စကသက်သာ၍ အမှီအခိုကင်းသော တပ်ဆင်မှု၊ အသုံးပြုမှုများကိုလည်း ပံ့ပိုးပေးသည်။
Huawei ဉာဏ်ရည်မြင့် ရှုမြင်မှုနှင့် ဉာဏ်ရည်မြင့် ပူးပေါင်းဆောင်ရွက်မှု နည်းနာဆိုင်ရာ အရောင်းဌာန ဒုတိယ ဥက္ကဌ Pan Yong က ကုမ္ပဏီ၏ စမတ်ရုံးစနစ်၏ အခြေအနေတိုင်းအတွက် မဟာဗျူဟာကို ယခုအတိုင်း မိတ်ဆက်လိုက်သည်။
1+3+X က enterprise လုပ်ငန်းအသုံးပြုသူများကို cloud ခေတ်၏ ဖန်တီးထုတ်လုပ်မှုအတွက် ကိရိယာ၊ ကိရိယာနှင့် cloud ချိတ်ဆက်မှုများကို ပေးပြီး အခြေအနေတိုင်းအတွက် ပြည့်စုံသည့် စမတ်ရုံးစနစ်ကို ဖြစ်စေသည်။
1 က Huawei Cloud မှ ပံ့ပိုးထားသော ဉာဏ်ရည်မြင့်အလုပ်ပလက်ဖောင်းဖြစ်သည့် Huawei Cloud အစည်းအဝေးဝန်ဆောင်မှုပေါ် အခြေခံသည့် ရုံး ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် enterprise လုပ်ငန်း ပြန်လည်ပုံဖော်ခြင်းများကို ဖော်ပြသည်။
3 က ဉာဏ်ရည်မြင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အပြီးသတ်ဝန်ဆောင်မှု အမျိုးအစား သုံးခု ရှိခြင်းကို ရည်ည့န်းသည်။ ပထမဦးဆုံး အမျိုးအစားက ဗီဒီယိုအစည်းအဝေးခေါ်ဆိုမှုဆိုင်ရာ ဝန်ဆောင်မှု ဖြစ်သည်။ ယင်းက တရုတ်နိုင်ငံစျေးကွက်တွင် ခုနစ်နှစ်ဆက်တိုက် အဆင့် ၁ ရရှိထားသည့် အပြင် အာရှပစိဖိတ်ဒေသတွင်လည်း Huawei က အဓိက ဗီဒီယိုအစည်းအဝေးခေါ်ဆိုမှု ဝန်ဆောင်မှုပေးသူ ဖြစ်သည်။ ဒုတိယအမျိုးအစားက မကြာသေးမီက အသစ် ထုတ်လုပ်လိုက်သည့် IdeaHub စီးရီး ဖြစ်ပြီး အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုအတွက် ဖန်တီးထားခြင်း ဖြစ်သည်။ တတိယအမျိုးအစားမှာ မကြာမီ လ များအတွင်း ရရှိနိုင်မည့် ဉာဏ်ရည်မြင့် Desktop စီးရီး ဖြစ်သည်။
X က software နှင့် hardware နှစ်မျိုးလုံးအတွက် အားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ဂေဟစနစ် တည်ဆောက်ခြင်းကို ကိုယ်စားပြုသည်။ Huawei က ဂေဟစနစ်အတွင်း မိတ်ဖက်များနှင့် အတူလက်တွဲ လုပ်ကိုင်ပြီး enterprise လုပ်ငန်း အသုံးပြုသူများအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက် ရှိသည်။
Source – HUAWEI