အရင်တုန်းက Hangouts Meet လို့ ခေါ်တဲ့ Google Meet ဟာ Microsoft Teams နဲ့ Zoom တို့ကို လိုက်ဖိုက်ဖို့အတွက် တစ်ဖန်ပြန်မွေးဖွားလာတာပါ။ Google က Meet မှာ Noise Cancellation ထည့်ပေးမယ်လို့ ဧပြီလက ကြေညာခဲ့ပြီး အခုတော့ G Sute ရဲ့ Product Management Director ဖြစ်သူ Serge Lachapelle က အဲဒီ လုပ်ဆောင်ချက်ကို ဗီဒီယို ၁ ခုနဲ့ သရုပ်ပြသလိုက်ပါတယ်။

ဒီလုပ်ဆောင်ချက်က ဖုန်းပြောနေချိန်မှာ ပတ်ဝန်းကျင်က ဆူညံသံတွေကို ဖျောက်ပေးဖို့ Machine Learning ကို အသုံးပြုတာပါ။ ဗီဒီယိုမှာ Lachapelle က မုန့်ထည့်ထားတဲ့ အိတ်၊ ဘောပင်နဲ့ ဖန်ခွက်တို့လို အရာတွေနဲ့ ဆူညံသံတွေ ပြုလုပ်ပြခဲ့ပါတယ်။ Google Meet မှာ Noise Cancellation ကို On လိုက်ပြီးနောက်မှာ အဲဒီ အသံတွေကို လုံးဝ မကြားရတော့ပါဘူး။ အရမ်း အံ့အားသင့်စရာကောင်းပါတယ်။ သူက ကလေး ၊ အိမ်မွေး တိရိစ္ဆာန်နဲ့ ဖုန်စုပ်စက်လို အိမ်သုံး ပစ္စည်းတွေရဲ့ ဆူညံသံတွေကိုလည်း ဖျောက်ပေးနိုင်တယ်လို့ ပြောပါတယ်။

အဲဒီ လုပ်ဆောင်ချက်ဟာ တော်တော် တိုးတက်လာပြီ ဖြစ်ပြီး Google က ကောင်းသထက်ကောင်းအောင် ဆက်လက် လုပ်ဆောင်မှာပါ။ လူရဲ့ အသံမဟုတ်တာတွေကို ဘယ်လို ခွဲခြားသလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ Google က Meet အတွက် End to End Encryption ကိုလည်း ပံ့ပိုးပေးထားပြီး ဖုန်း ပြောနေချိန်မှာ ဆူညံသံဖျောက်ပေးတာကို Google Servers တွေကနေ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

Noise Cancellation လုပ်ဆောင်ချက် အသစ်ကို  Google Meet Web Client မှာ ဒီလနှောင်းပိုင်း ထည့်သွင်းပေးမှာ ဖြစ်ပြီး အဲဒီနောက်မှာ Android နဲ့ iOS App တွေမှာ ပါလာမှာပါ။

Ref : gsmarena