realme ကနေ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက realme 5 နဲ့ 5 Pro စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီး အဆိုပါ စမတ်ဖုန်းတွေဟာ realme အနေနဲ့ ပထမဆုံး Quad Camera Setup ကို အသုံးပြုထားတဲ့စမတ်ဖုန်းတွေလည်းဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ realme 5 Series ဖုန်းတွေကနေ စတင်ပြီးတော့ realme ကနေ သူ့ရဲ့ စမတ်ဖုန်းတွေမှာ တူညီတဲ့ Vertical Quad Camera Design ကိုပဲ အခုအချိန်အထိ အသုံးပြုလာခဲ့ပါတယ်။
ဒီလိုမျိုး အသုံးပြုလာတဲ့အတွက် အသုံးပြုသူတွေဆီကနေလည်း ဝေဖန်မှုတွေခံခဲ့ရပြီး အခုအချိန်မှာတော့ realme ကနေ Camera Design Layout အသစ်နဲ့ စမတ်ဖုန်းကို မိတ်ဆက်တော့မယ်ဆိုတာကို တရားဝင်အတည်ပြုပေးခဲ့ပါတယ်။
အခုသတင်းကိုတော့ realme India ရဲ့ CEO ဖြစ်တဲ့ Madhav Sheth ကနေ YouTube Series တစ်ခုဖြစ်တဲ့ #AskMadhav မှာတရားဝင်ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Camera Design အသစ်နဲ့ realme ဖုန်းကို နောက်လမှာတင်မိတ်ဆက်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။
ဒါတင်မဟုတ်သေးဘဲ realme ကနေ Flagship Quality အထိရှိမယ့် TWS Earbuds တစ်ခုကိုပါ ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ်မှာ realme ဟာ realme Buds Air ၊ Buds Air Neo နဲ့ Buds Q ဆိုပြီး ထုတ်ထားပေမယ့်လည်း အကုန်လုံးက Budget ပိုင်းအတွက်ရည်ရွယ်တဲ့ TWS Earbuds တွေပဲဖြစ်နေပါသေးတယ်။ အဲ့ဒီအတွက် realme အနေနဲ့ Flagship TWS Earbuds က ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
ဘာပဲဖြစ်ဖြစ် Camera Design အသစ်နဲ့ realme 7 Series ဖုန်းတွေကို မြင်ရတော့မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။
Ref – GSM Arena