iQOO ဟာ Midrange ဈေးကွက်အတွက် iQOO Z1 စမတ်ဖုန်းကို မိတ်ဆက်ပြီးသားဖြစ်ကာ Dimensity 1000+ ချစ်ပ်ဆက်နဲ့ 44W အားအမြန်သွင်းစနစ်တို့ ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် သူ့ထက် ဈေးပိုချိုသေးတဲ့ဗားရှင်းအဖြစ် iQOO Z1x အမည်ရ ဟန်းဆက်ကို ထပ်မံမိတ်ဆက်သွားဦးမှာပါ။ Z1x မှာ Snapdragon 765G ချစ်ပ်ဆက်နဲ့ 5,000 mAh ဘက္ထရီတို့ ပါဝင်မှာကို သိပြီးသားဖြစ်ပေမယ့် ယနေ့မှာ Leakster နှစ်ဦးက Weibo ကနေ ထပ်ပြီး အချက်အလက်တွေ တင်လာခဲ့ပါတယ်။
iQOO Z1x ဖုန်းဟာ 6.57” LCD Screen ပေါ်မှာ သတင်းထွက်ထားတဲ့အတိုင်း 120Hz Refresh Rate နဲ့ အသုံးပြုရမယ်လို့ သူတို့က ဆိုပါတယ်။ အားသွင်းစနစ်ကလည်း အနည်းငယ်လျော့ချထားပေမယ့် 33W ဆိုတော့ အမြင့်ပိုင်းလို့ ပြောနိုင်တုန်းပါပဲ။
နောက်ထပ်သတင်းတစ်ခုက အဓိကကင်မရာဟာ 48MP Sensor ဖြစ်မယ်လို့ ဆိုထားတယ်။ မန်မိုရီက 8/128GB လို့ ဆိုပေမယ့် DDR5 RAM / UFS 3.0 ဖြစ်ဖို့ အလားအလာနည်းပြီး DDR4x / UFS 2.1 လောက် ဖြစ်နိုင်ပါတယ်။
မူရင်း iQOO Z1 တောင်မှ တရုတ်ယွမ် ၂၁၉၈ (မြန်မာငွေ လေးသိန်းသုံးသောင်း) ကနေ စတင်ပြီး 8/128GB ဗားရှင်းဆိုရင် ယွမ် ၂၄၉၈ (ကျပ် လေးသိန်းကိုးသောင်းနီးပါး) ရှိပါတယ်။ Z1x ဟာ ဒီထက်ပိုလျော့ချဦးမယ် ဆိုရင်တော့ ယွမ် ၂၀၀၀ (ကျပ်သုံးသိန်းကိုးသောင်း) လောက် သတ်မှတ်လာနိုင်ပါတယ်။
Ref – GSMArena