ဖေဖော်ဝါရီလတုန်းက Sharp ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး 5G စမတ်ဖုန်းဖြစ်တဲ့ Aquos R5G ကို ဂျပန်ပြည်တွင်းမှာ မိတ်ဆက်ခဲ့ပါတယ်။ ယခုအခါမှာတော့ Aquos R5G ဟာ ဂလိုဘယ်စျေးကွက်ကို ဝင်ရောက်ဖို့အတွက် ထိုင်ဝမ်ကနေ စတင်လာခဲ့ပြီး ဒေါ်လာ ၁၁၈၇ (မြန်မာငွေ ၁၆ သိန်းဝန်းကျင်) သတ်မှတ်ထားပါတယ်။

Aquos R5G ဖုန်းကို 6.5” IPS Panel နဲ့ တည်ဆောက်ထားပြီး 120Hz Refresh Rate အသုံးပြုနိုင်တဲ့အပြင် QHD+ Resolution ကိုပါ အသုံးပြုရမှာပါ။ Waterdrop Notch ထဲမှာ 16MP ဆဲလ်ဖီးကင်မရာပါဝင်ကာ Chin နေရာမှာ Fingerprint Scanner ထည့်သွင်းထားတယ်။ Display က 19.8:9 Aspect Ratio ဖြစ်ပြီး Gorilla Glass 6 နဲ့ကာကွယ်ထားပါတယ်။

နောက်ဘက်မှာ OIS နဲ့ 12MP အဓိကကင်မရာကို 48MP Ultrawide, 12MP Telephoto, ToF Sensor တို့နဲ့ တွဲဖက်ထားပါတယ်။ ဒါ့ကြောင့် 8K ဗီဒီယိုတွေကို Ultra-wide Lens နဲ့ရိုက်ကူးနိုင်မှာပါ။

Aquos R5G ရဲ့ အတွင်းမှာတော့ Snapdragon 865 ချစ်ပ်ဆက် အသုံးပြုထားကာ 12GB LPDDR5 RAM နဲ့ 256GB UFS 3.0 Storage တို့ပါဝင်ပါတယ်။ Android 10 OS နဲ့ဖြစ်ပြီး ဘက္ထရီကတော့ 3,730 mAh ဖြစ်ပါတယ်။

Ref – GSMArena