Google Pixel 3 စမတ်ဖုန်းတွေဟာ Night Mode တွေထဲမှာ အကောင်းဆုံးလို့တောင်ပြောနိုင်တဲ့ Night Sight Feature ကိုစတင်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Pixel 4 ဖုန်းတွေမှာတော့ အဆိုပါ Night Sight ကိုမှ Tripod ပေါ်တင်လိုက်တာနဲ့ Long Exposure ပုံစံရိုက်ကူးနိုင်တဲ့ Astrophotography Mode အသစ်ကို ထည့်သွင်းပေးခဲ့ပါတယ်။

အဆိုပါ Astrophotography Mode ဟာ Google Pixel 4 ဖုန်းတွေအပြင် နောက်ပိုင်းမှာ Pixel 2 နဲ့ Pixel 3 Series ဖုန်းတွေအတွက်ပါ ရရှိလာခဲ့တာဖြစ်ပါတယ်။ တခြားသော Huawei လိုမျိုး စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း Astrophotography Mode ထက် Star Trails လိုမျိုး Long Exposure Mode မျိုးစုံကို ထည့်သွင်းလာကြပါတယ်။

အခုလည်း Xiaomi ကနေ MIUI 12 ရဲ့ Camera App မှာ Pixel ဖုန်းတွေရဲ့ Astrophotography Mode လိုမျိုး Feature ကို ထည့်သွင်းသွားဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ အဆိုပါ Astrophotography Mode ဟာ Tripod ကို အသုံးပြုပြီး ရိုက်ကူးရမှာဖြစ်ပြီး လက်ရှိသတင်းတွေအရ “Starry Sky” ၊ “Silky Water” ၊ “Star Trails” ၊ “Neon Trails” နဲ့ “Light Painting” လိုမျိုး Mode တွေလည်း ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi အနေနဲ့ Google Pixel ဖုန်းတွေနဲ့ Huawei ဖုန်းတွေမှာပါဝင်တဲ့ Camera Feature တွေကို MIUI 12 မှာထည့်သွင်းဖို့ စီစဥ်နေတာကတော့ သေချာသလောက်ဖြစ်နေပါပြီ။ ဒါပေမယ့် ဘယ် Xiaomi စမတ်ဖုန်းတွေမှာပဲ အသုံးပြုနိုင်လဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – 9to5Google