Google ကနေ ပြီးခဲ့တဲ့လတုန်းက Android 11 ကို Public Beta အနေနဲ့ တရားဝင်ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Android 11 Beta 2 ကို Pixel စမတ်ဖုန်းတွေအတွက် ထုတ်ပေးခဲ့သလို Stable Update ထွက်ရှိမယ့်အချိန်ကလည်း ပေါက်ကြားလာခဲ့ပါပြီ။
Google Smart Home Summit အတွက် ထုတ်ပေးတဲ့ ၁၈ မိနစ်စာ Video File တစ်ခုမှာ Google Executive တစ်ဦးကနေ Android 11 Stable Version က လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ Android 10 Stable Update ဟာ စက်တင်ဘာလ ၃ ရက်နေ့ ၂၀၁၉ ခုနှစ်မှာရရှိခဲ့တာဖြစ်ပြီး အခုလိုမျိုး Android 11 Stable ကိုလည်း စက်တင်ဘာလ ၈ ရက်နေ့မှာ ရရှိမယ်ဆိုတာက ဖြစ်နိုင်ခြေများနေပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Android 11 Stable Update မထွက်ရှိခင် သြဂုတ်လအတွင်းမှာနောက်ထပ် Public Beta ၁ ခု ထပ်မံထုတ်ပေးသွားဦးမှာဖြစ်ပါတယ်။
Google ကတော့ ၂၀၂၀ တတိယ ၃ လပတ်မှာ ထုတ်ပေးသွားမယ်ဆိုပြီးပဲ အတည်ပြုပြောကြားခဲ့ပါတယ်။ ယခုထွက်ပေါ်လာတဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ Android 11 Stable Update ထွက်ရှိမယ်ဆိုတာကိုတော့ အတည်ပြုခဲ့ခြင်းမရှိသေးဘဲ တရားဝင် Update ထွက်ရှိမယ့်အချိန်ကို သတ်မှတ်ရခြင်းမရှိသေးဘူးလို့ ပြန်လည်ရှင်းလင်းသွားခဲ့ပါသေးတယ်။
ဘာပဲဖြစ်ဖြစ် Android 11 Stable Update ကို လာမယ့် စက်တင်ဘာလဝန်းကျင်မှာ အစောဆုံးရရှိမှာဖြစ်ပြီး Google Pixel ဖုန်းတွေက အစောဆုံးရရှိမှာလည်းဖြစ်ပါတယ်။
Ref – Android Authority