Huawei ရဲ့နောက်ထွက်လာမယ့် Mate 40 စီးရီးမှာ Mate 40 Pro ဟန်းဆက်ကို Curved Display နဲ့ မြင်ရဖို့ မျှော်လင့်ထားပြီးဖြစ်ပေမယ့် ယနေ့ထွက်ပေါ်လာတဲ့ Leak အရ ရိုးရိုး Mate 40 မှာလည်း တူညီတဲ့ Screen ကို အသုံးပြုလာနိုင်တာကို တွေ့ရပါတယ်။

Weibo ကနေ ထွက်ပေါ်လာတဲ့ Leak ထဲမှာ Mate 40 အတွက် Screen Protector ကို မြင်ရတာဖြစ်ပြီး သိသာတဲ့ Curved Display အတွက် Protector ဖြစ်နေပါတယ်။

မနှစ်ကထွက်ခဲ့တဲ့ Huawei Mate 30 စီးရီးမှာတုန်းက Mate 30 Pro အတွက် Waterfall Curved Display သုံးခဲ့ပေမယ့် ရိုးရိုး Mate 30 မှာ ပုံမှန် Flat Screen သာမြင်ခဲ့ရတာမို့ အခုနှစ်မှာလည်း ဒီအတိုင်းဖြစ်လာမယ်လို့ ယူဆခဲ့ကြတာပါ။

Huawei ဟာ သူတို့ရဲ့ နာမည်ကျော်ထုတ်ကုန်စီးရီးအတွက် မျိုးဆက်သစ်ဖြစ်တဲ့ Mate 40 စီးရီးကို အခုနှစ် ဆောင်းရာသီမှာ မိတ်ဆက်လာမှာဖြစ်ပြီး အောက်တိုဘာလောက်မှာ ဖြစ်နိုင်ပါတယ်။

အခုချိန်မှာ Mate 40 စီးရီးနဲ့ပတ်သက်ပြီး သိပ်မသိရသေးပေမယ့် သူ့မှာ 5nm Kirin 1020 ချစ်ပ်ဆက်နဲ့ 108MP အဓိကကင်မရာတို့ ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် Google Play Services တွေ မပါလာဖို့လည်း များပါတယ်။

Ref – GSMArena