realme ကနေ Flagship တွေထဲမှာဆိုရင် X Series ၊ Mid Range ထဲမှာဆိုရင် Number Series နဲ့ Budget ဆိုရင် C Series ဆိုပြီး စမတ်ဖုန်းတွေကို မိတ်ဆက်နေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ realme ကနေ နောက်ထပ် Series အသစ်နဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့ ရှိနေသေးတဲ့ပုံစံပါပဲ။
အခုသတင်းကိုတော့ realme ရဲ့ Teaser ဓါတ်ပုံပေါက်ကြားခဲ့တာကနေ သိရှိခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်း Series အသစ်ဟာ 5G Support ပြုလုပ်နိုင်မှာဖြစ်ပြီး Curved Display ကိုလည်း အသုံးပြုလာနိုင်ခြေရှိနေပါတယ်။
အဆိုပါ စမတ်ဖုန်း Series ရဲ့ Tagline အနေနဲ့ကတော့ “Come On” သို့မဟုတ် “Just Do it” လို့ အဓိပ္ပါယ်ရတဲ့စာတန်းနဲ့ မိတ်ဆက်လာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်ကတော့ Mid Range ဖုန်းမဖြစ်နိုင်ဘဲ Flagship Series အနေနဲ့ မိတ်ဆက်လာဖို့များနေပါတယ်။ Selfie Camera အနေနဲ့လည်း Punch-hole Design ကို အသုံးပြုထားတာ တွေ့ရပါတယ်။
လက်ရှိတရုတ်စမတ်ဖုန်းကုမ္ပဏီအများစုဟာ 5G Support ပြုလုပ်တဲ့ စမတ်ဖုန်းတွေကိုပဲ ဆက်တိုက်ထုတ်နေပေမယ့် realme အနေနဲ့ကတော့ 4G ဖုန်းတွေပဲ ထုတ်လုပ်နေတာဖြစ်ပြီး 5G ဖုန်းအနေနဲ့ realme X50 Pro 5G လိုမျိုးဖုန်းတွေပဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး 5G Support ပြုလုပ်တဲ့ Flagship Series အနေနဲ့ သီးသန့်ခွဲထွက်ဖို့ စီစဥ်နေတာလည်း ဖြစ်နိုင်ပါတယ်။
realme ဟာ ယခုလအတွင်းမှာလည်း 120W Ultra Dart Rapid Charging နည်းပညာကိုလည်း မိတ်ဆက်သွားဖို့ရှိနေပါသေးတယ်။ အဆိုပါ Charging Feature ဟာ 4000mAh Battery ကို ၁၀ မိနစ်အတွင်းအားပြန်ဖြည့်ပေးနိုင်မယ်လို့လည်း သိရပါတယ်။
Ref – Gizmo China