ကမ္ဘာ့ အထင်ကရ နည်းပညာ ပြပွဲ ၁ ခု ဖြစ်တဲ့ IFA ကို ဂျာမနီ နိုင်ငံ ဘာလင်မှာ နှစ်တိုင်း စက်တင်ဘာလ အစမှာ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရက်စ်ကြောင့် ပွဲကို အရင်လို စည်စည်ကားကား မကျင်းပတော့ပါဘူး။ IFA  ပွဲစီစဉ်သူတွေက အများပြည်သူ တက်ရောက်ခွင့် မပြုတော့ဘဲ မီဒီယာ သမားတွေကိုပဲ တက်ရောက်ခွင့် ပြုထားပါတယ်။ Samsung ကတော့ ဒီပွဲမှာ ပါဝင် မပြသတော့ဘူးလို့ ကြေညာထားပြီး တခြား ကုမ္ပဏီတွေကလည်း ဒီလမ်းစဉ်ကို လိုက်သွားနိုင်ပါတယ်။ ကုမ္ပဏီ ဘယ်နှစ်ခုလောက် ပွဲမှာ ပါဝင် ပြသမလဲ ဆိုတာ မသိရသေးပါဘူး။

အခုတော့ OPPO ရဲ့ ကုမ္ပဏီခွဲ realme က IFA 2020 Berlin မှာ ပထမဆုံး အကြိမ် ပါဝင် ပြသမယ်လို့ အတည်ပြုလိုက်ပါတယ်။ တကယ်တော့ IFA ရဲ့ တရားဝင် တွစ်တာ အကောင့်ကနေ ကြေညာလိုက်တာ ဖြစ်ပြီး realme က ဘာမှ မပြောသေးပါဘူး။

IFA 2020 မှာ ပြသမယ့် realme ရဲ့ ထုတ်ကုန်တွေကို မသိရသေးပေမယ့် realme ဟာ ကုမ္ပဏီရဲ့ Ecosystem ကို တိုးချဲ့နေတဲ့အတွက် စမတ်ဖုန်း၊ AIoT Device နဲ့ Lifestyle ထုတ်ကုန်တွေကို ချပြနိုင်ပါတယ်။

Ref : gsmarena