realme ဟာ ပြီးခဲ့တဲ့ ၂၀၁၈၊ မေလ ၄ ရက်နေ့တုန်းကမှ စတင်ခဲ့တာဖြစ်ပြီး စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ သက်တမ်းအငယ်ဆုံးလို့တောင်ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း အချိန်တိုအတွင်းမှာ ရောင်းအားအလွန်တိုးတက်လာခဲ့ပြီးတော့ အခုဆိုရင် တကမ္ဘာလုံးရဲ့ ထပ်တန်းစမတ်ဖုန်းကုမ္ပဏီတွေထဲမှာ နံပါတ် ၇ အတွင်းရောက်ရှိနေပါပြီ။
ဒါတင်မဟုတ်သေးဘဲ realme ကနေ တရားဝင်ရောင်းချနေတဲ့ စျေးကွက် ၅၉ ခုထဲက စျေးကွက် ၉ ခုမှာလည်း ထပ်ဆုံးနံပါတ် ၅ နေရာအတွင်းဝင်ရောက်ထားတယ်လို့ သိရပါတယ်။ တကမ္ဘာလုံးမှာ realme စမတ်ဖုန်းတွေကို အသုံးပြုနေတဲ့သူတွေအနေနဲ့လည်း သန်း ၄၀ ကျော်ရှိနေပြီလို့ ကြေညာခဲ့တဲ့အတွက် တော်တော်လေးကို အလျှင်အမြန်နဲ့တိုးတက်လာတာဖြစ်ပါတယ်။
realme ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ realme C11 စမတ်ဖုန်းဟာဆိုရင်လည်း အချိန် ၂ မိနစ်အတွင်းမှာ အလုံးရေ ၁၅၀,၀၀၀ ကျော်ရောင်းချထားရတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ realme Narzo 10 ဖုန်းရောင်းချတဲ့အချိန်တုန်းကလည်း အလုံးရေ ၇၀,၀၀၀ ကျော်ကို ၂ မိနစ်အတွင်းရောင်းချနိုင်ခဲ့ပါသေးတယ်။
realme ဟာ ပြီးခဲ့တဲ့ ၂၀၁၈ စက်တင်ဘာလတုန်းက စမတ်ဖုန်းရောင်းအား ၁ သန်းကို ပြည့်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လမှ အလုံးရေ ၁၀ သန်းရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ် ဇန်နဝါရီလမှာ အသုံးပြု ၂၅ သန်းအထိရှိနေပြီးတော့ အခု ၇ လအတွင်းမှာ သန်း ၄၀ အထိတိုးတက်လာတာဖြစ်ပါတယ်။
realme ကတော့ ယခုနှစ်အတွင်းမှာတင် စမတ်ဖုန်းအလုံးရေ သန်း ၅၀ အထိရောင်းချနိုင်ဖို့ မျှော်မှန်းနေပြီးတော့ 5G စမတ်ဖုန်းတွေကိုပါ ဆက်တိုက်ထုတ်လုပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။
Ref – GSM Arena