အရင်နှစ်က ကြေညာခဲ့တဲ့ Surface Earbuds ကို ကြေညာပြီး ၆ လကျော်တဲ့အထိတောင် မရောင်းပေးခဲ့ပါဘူး။ နားကြပ်အတွက် လက်ရှိမှာ Glacier ၁ ရောင်ထဲ ထုတ်လုပ်ပေးထားတာ ဖြစ်ပြီး အခုတော့ Microsoft က Graphite (Dark Gray) အရောင် အသစ်ကို မကြာခင်ရောင်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။

Surface Earbuds ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ အသိပေး ဖော်ပြထားတာ ဖြစ်ပြီး Windows Central က စက်တင်ဘာလ ၁၀ ရက်နေ့မှာ ရောင်းမယ်လို့ ပြောပါတယ်။ နားကြပ်ရဲ့ ဘက်ထရီ သက်တမ်းဟာ ၈ နာရီဖြစ်ပြီး Charging Case ပါပေါင်းရင် ၂၄ နာရီအထိ အသုံးခံပါတယ်။ နားကြပ် ၁ ခုချင်းစီမှာ 13.6mm Driver Unit နဲ့ မိုက်ကရိုဖုန်း ၂ လုံးစီ ပါပါတယ်။ Touch & Voice Controls တွေ ထောက်ပံ့ထားပြီး Microsoft 365 Subscription ဝယ်ထားသူတွေက စာတောင်ရိုက်နိုင်ပါသေးတယ်။

နားကြပ်ကို Windows 10 , Android 9 , iOS 12 နဲ့ သူတို့အထက် Device တွေမှာ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ၂၀၀ ဒေါ်လာသတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၇ သောင်းလောက် ရှိပါတယ်။ ဒါပေမယ့် ကျောင်းသား၊ မိဘနဲ့ ဆရာတွေအတွက် အထူးလျှော့ဈေးပေးထားပြီး ၁၈၀ ဒေါ်လာနဲ့ ရနိုင်ပါတယ်။

Ref : gizmochina