Samsung ဟာ M Series ဖုန်း အနည်းဆုံး ၄ လုံးလောက် ကြေညာဦးမယ်လို့ သတင်းတွေထွက်နေပါတယ်။ တန်ဖိုးနည်း Galaxy M02 ကို ဒီလကုန် ကြေညာနိုင်ပြီး Galaxy M12 ရဲ့ CAD ဓါတ်ပုံတွေလည်း မကြာခင်က ထွက်လာပါတယ်။ ဒါ့အပြင် Galaxy M42 နဲ့ M62 တို့ကိုလည်း Samsung က ဖန်တီးနေပါတယ်။ အခုတော့ M42 ရဲ့ ဘက်ထရီ ပမာဏကို တရုတ်က 3C မှာ ဖော်ပြထားပါတယ်။
3C မှာ 5,830mAh ဘက်ထရီ ပါလာမယ်လို့ စာရင်းသွင်းထားပြီး တကယ်တော့ 6,000mAh ဘက်ထရီ ဖြစ်ပါတယ်။ အဲဒီ ဘက်ထရီဟာ DEKRA နဲ့ BIS တို့ရဲ့ Certification တွေကိုလည်း ရထားပါတယ်။ BIS မှာ မှတ်ပုံတင်ထားတဲ့အတွက် အိန္ဒိယမှာ ရောင်းမှာ သေချာပါတယ်။
စက်တင်ဘာလက ပေါက်ကြားသတင်းတွေအရ Galaxy M42 မှာ 64MP ပင်မ ကင်မရာ ၁ လုံးနဲ့ 128GB Storage တွေ ထည့်သွင်းထားမှာပါ။ Samsung ဟာ စက်တင်ဘာလမှာ အဲဒီဖုန်းအတွက် ဆော့ဖ်ဝဲကို ဖန်တီးနေပြီလို့ သတင်းထွက်ခဲ့တဲ့အတွက် ဒီနှစ်ထဲမှာ ကြေညာနိုင်ပါတယ်။ လက်ရှိမှာ အဲဒီဖုန်းရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။
တဖက်မှာတော့ နာမည်ကျော် Tipster ၁ ယောက် ဖြစ်တဲ့ OnLeaks က Galaxy M12 ရဲ့ CAD ဓါတ်ပုံတွေကို မျှဝေထားပြီး အနောက်ဘက် ဒီဇိုင်းဟာ Galaxy A42 နဲ့ ဆင်တူပါတယ်။ M12 မှာ ၆.၅ လက်မ မျက်နှာပြင်၊ အနောက်ကင်မရာ ၄ လုံးနဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာတွေ ထည့်သွင်းထားနိုင်ပါတယ်။ မော်ဒယ်ပိုမြင့်တဲ့ Galaxy M62 မှာတော့ 256GB Storage အထိတောင် ပါမှာ ဖြစ်တဲ့အတွက် ဒေတာတွေ ရှယ်သိမ်းလို့ရမှာပါ။
Ref : gizmochina