OPPO ကနေ အခုဆိုရင် မြန်မာနိုင်ငံစျေးကွက်ထဲမှာ OPPO F17 နာမည်နဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီ OPPO F17 ဟာ ယခင် OPPO စမတ်ဖုန်းတွေနဲ့ရော၊ တခြားသော စျေးနှုန်းတူဖုန်းတွေနဲ့ပါ လုံးဝမတူဘဲ ထူးခြားဆန်းပြားနေတဲ့ အားသာချက်တွေရှိနေပါတယ်။
ဒါကတော့ OPPO F17 ဖုန်းရဲ့ နောက်ဖက် Body Design ပဲဖြစ်ပါတယ်။ ကြည့်လိုက်တာနဲ့ တခြားသောစမတ်ဖုန်းတွေလိုမျိုး Polycarbonate Glossy Body Design တို့၊ Glass Back Design တို့ ဟုတ်မနေတဲ့အတွက် ထူးခြားနေတာပါ။ ဒါက OPPO F17 ဖုန်းမှာ Leather ပုံစံ Back Body Design လုပ်ထားတဲ့အပြင် အရောင်ကလည်း နာမည်ကြီး Hermes နဲ့ ဆင်တူတဲ့ လိမ္မော်ရောင်နဲ့ ထုတ်ထားတာကြောင့်ဖြစ်ပါတယ်။
ဒီလိုမျိုး Leather Design အပြင် လိမ္မော်ရောင်နဲ့ ထွက်ရှိလာတာက လက်ရှိစျေးကွက်ထဲမှာရှိတဲ့ စျေးနှုန်းတူစမတ်ဖုန်းတွေထဲမှာ ပထမဆုံးလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် OPPO F17 ကို လက်ထဲမှာ ကိုင်ထားရတာနဲ့ သူများတွေနဲ့ မတူဘဲ Unique ဖြစ်နေတဲ့ ခံစားချက်ကိုလည်း ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ တကယ်လို့ ဒီ Dynamic Orange ဆိုတဲ့ လိမ္မော်ရောင်က ကိုယ်နဲ့ မလိုက်ဖက်ဘူးထင်တယ်ဆိုရင်လည်း Navy Blue အရောင်ကို ရွေးချယ်နိုင်ဦးမှာပါ။
လက်ထဲမှာ ကိုင်ထားရတာကလည်း OPPO F17 ဖုန်းက 6.44” AMOLED Display ကို အသုံးပြုထားတယ်ဆိုပေမယ့် အလေးချိန်က 163g နဲ့ အထူက 7.45mm ပဲရှိမှာဖြစ်တဲ့အတွက် အလွန်ပါးလွှာပေါ့ပါးနေမှာဖြစ်ပါတယ်။ နောက်ထပ်လည်း ဖုန်းရဲ့ ဘေးဘောင်တွေကို 2.5D Curved ပြုလုပ်ထားတာဖြစ်တဲ့အတွက် လက်ထဲကြာကြာကိုင်ဆောင်ထားရင်လည်း လက်ညောင်းတာမျိုးကို ကြုံတွေ့ရမှာမဟုတ်ပါဘူး။ ဒါက ဖုန်းနဲ့ပဲ Social Media အသုံးပြုတာများတဲ့သူတွေ၊ ရုပ်ရှင်ကြည့်တတ်တဲ့သူတွေနဲ့ Gamer တွေအတွက် လက်တွေ့မှာ ပိုပြီးသိသာတဲ့ အားသာချက်တစ်ခုလို့ ပြောရမှာပါ။
နောက်ပြီး OPPO F17 ရဲ့ Display ကလည်း စျေးနှုန်းတူဖုန်းတွေထဲမှာ အားသာချက်တစ်ခုဖြစ်နေဦးမှာပါ။ Full HD+ Resolution ရှိတဲ့ ဒီ 6.44” Display က AMOLED နည်းပညာကို အသုံးပြုထားတဲ့အတွက် တခြားသော LCD Display ဖုန်းတွေထက် Color ပိုင်းတွေ၊ Contrast Ratio နဲ့ True Black လိုမျိုး အားသာချက်တွေရှိနေမှာဖြစ်ပါတယ်။ ပုံမှန်အသုံးပြုမှုတွေအတွက် အမြင့်ဆုံး Brightness ကို 430Nits အထိ ထုတ်ပေးနိုင်မှာဖြစ်ပြီး တကယ်လို့ နေရောင်ထဲမှာ အသုံးပြုနေတယ်ဆိုရင်တော့ Brightness ကို 600Nits အထိ အလိုအလျောက်မြှင့်တင်ပေးဦးမှာပါ။ ဒါက နေရောင်အောက်မှာလည်း ဖုန်းကို ပုံမှန်အတိုင်းပဲ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။
Eye-caring AMOLED Display ဖြစ်နေတဲ့အတွက် Color ပိုင်းတွေ၊ Brightness ပိုင်းတွေပဲ ကောင်းမွန်တာမဟုတ်ပါဘူး။ ညအိပ်ချိန်မှာ အသုံးပြုမယ်ဆိုရင်လည်း အလင်းအားအရမ်းစူးနေတာက မျက်လုံးကို ထိခိုက်စေမှာဖြစ်တယ်။ OPPO F17 ရဲ့ Display က Minimum Brightness ကိုလည်း 2Nits အထိ အလိုအလျောက်လျော့ချပေးနိုင်တဲ့အတွက် ညဘက် ဖုန်းသုံးမိလို့ မျက်စိအလင်းစူးတာမျိုးကိုလည်း ကြုံတွေ့ရစေမှာမဟုတ်ပါဘူး။
ကျန်တဲ့ Display နဲ့ ပတ်သက်ပြီး သုံးတဲ့ App တွေနဲ့ Game တွေပေါ်မှုတည်ပြီး ထားလေ့ရှိတဲ့ Brightness ကို အလိုအလျောက်သိရှိပြီး ပြောင်းလဲပေးနိုင်တဲ့ AI Smart Backlight ၊ Anti-flickering ကို လျော့ချပေးနိုင်ပြီး မျက်လုံးကို ကာကွယ်နိုင်တဲ့ DC Dimming လိုမျိုး Feature တွေပါဝင်ဦးမှာပါ။
နောက်ထပ် AMOLED Display ကို အသုံးပြုထားတဲ့အားသာချက်တစ်ခုကတော့ Fingerprint Sensor ကို နောက်ကျောဘက် သို့မဟုတ် Power Button အစား In-Display Fingerprint Sensor အနေနဲ့ ထည့်သွင်းထားနိုင်တာဖြစ်ပါတယ်။ ဒီအချက်ကလည်း စျေးနှုန်းတူတခြားစမတ်ဖုန်းတွေနဲ့ ယှဥ်မယ်ဆိုရင် အားသာချက်ဖြစ်နေဦးမှာပါ။ အခုလိုမျိုး Design ပိုင်းအရရော Display ပိုင်းမှာပါ စျေးနှုန်းတူဖုန်းတွေထက် အားသာချက်တွေအများအပြားရှိနေတဲ့ OPPO F17 ကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ ၃၃၉,၉၀၀ကျပ်နဲ့ မြန်မာနိုင်ငံအမြို့မြို့ အနယ်နယ်ရှိ OPPO အရောင်းဆိုင်တွေနဲ့ Shop.com.mm (https://bit.ly/2U9rPbK) မှာ ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူနိုင်ပြီး ဝယ်ယူအားပေးတဲ့ Mytel Sim Card အသစ် ကိုင်ဆောင်သူများအတွက် Mytel 10GB Data Package ကို လက်ဆောင်များ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။