Huawei ဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ကုန် အသစ် ၁ ခုကို တရုတ်မှာ ကြေညာဖို့ပြင်ဆင်နေတယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ ထုတ်ကုန်ဟာ စမတ်နာရီ ဖြစ်ပြီး ECG ပါတဲ့ Huawei Watch GT 2 Pro လို့ သိရပါတယ်။

Huawei Watch GT 2 Pro ECG Support

ECG ပါတဲ့ အပြင် အဲဒီ မော်ဒယ် အသစ်ဟာ ပြီးခဲ့တဲ့ လက တရုတ်မှာ ကြေညာခဲ့တဲ့ Watch GT 2 Pro ထက် အဆင့်မြင့်လာမှာပါ။ မော်ဒယ်အသစ်ကို ၂,၆၈၈ ယွမ်လောက်နဲ့ ရောင်းချနိုင်ပြီး ၅ သိန်း ၃ သောင်းလောက်ကျသင့်မှာပါ။

Huawei Watch GT 2 Pro launch all but confirmed for later this week

Huawei က Watch GT 2 Pro ECG ဟာ National Medical Products Administration’s Class II Medical Device Registration Certificate ရထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီလို့ ပြောထားဖူးပါတယ်။  တခြား Specs နဲ့ လုပ်ဆောင်ချက်တွေကတော့ အရင် မော်ဒယ်နဲ့ တူမယ်လို့ထင်ပါတယ်။  Watch GT 2 Pro မှာ ၁.၃၉ လက်မ 454×454 AMOLED မျက်နှာပြင် ပါလာပြီး ခြစ်ရာခံနိုင်တဲ့ Sapphire Glass နဲ့ ကာကွယ်ထားပါတယ်။

စမတ်နာရီဟာ  Sport Modes ပေါင်း ၁၀၀ ကျော်ကို တွက်ချက်ပေးနိုင်ပြီး 4GB Storage ပါပါတယ်။ GPS ထည့်သွင်းထားပြီး ၂၄ နာရီ နှလုံးခုန်နှုန်း တိုင်းတာပေးနိုင်သလို အိပ်စက်မှု အခြေအနေနဲ့ စိတ်ဖိစီးမှုကို တွက်ချက်ပေးနိုင်ပါတယ်။ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာပေးနိုင်တာက ကိုဗစ် ကာလမှာ အသုံးဝင်ပါတယ်။

Ref : gizmochina