Redmi ဟာ တရုတ်မှာ ပြီးခဲ့တဲ့ ၁ ပတ်က Redmi Note 9 4G , Redmi Note 9 5G နဲ့ Redmi Note 9 Pro 5G တို့ကို ကြေညာခဲ့ပါတယ်။ မိတ်ဆက်ပြီးပြီးချင်းမှာပဲ တရုတ်မှာ ရောင်းပေးခဲ့ပြီး အရမ်းကို ရောင်းအားကောင်းနေပုံရပါတယ်။

New Redmi Note 9 trio reaches one million units sold in less than two weeks

၁၃ ရက်အတွင်း  အဲဒီဖုန်း ၃ လုံးဟာ အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ Redmi က ကြေညာလိုက်ပါတယ်။ ပေးရတဲ့ ဈေးထက် တန်တဲ့ စမတ်ဖုန်းတွေဖြစ်လို့ အခုလို အောင်မြင်နေတာ ဖြစ်ပါတယ်။

Redmi Note 9 5G series announced: Xiaomi's budget superstar gets 5G

Redmi ဟာ အဲဒီ အပိုင်းမှာ ဆရာကြီး တစ်ဆူ ဖြစ်ပြီး အကြမ်းစားတွေကို လုပ်ပြထားပါတယ်။ Redmi Note 9 Pro 5G မှာ 108MP ပင်မ ကင်မရာ တပ်ဆင်ထားပြီး ဈေးက ၁,၅၉၉ ယွမ်ပဲ ရှိတာက မယုံနိုင်စရာ ကောင်းနေပါတယ်။ မြန်မာငွေ ၃ သိန်း ၂ သောင်းလောက်နဲ့ အကြမ်းစား ကင်မရာ ပါတဲ့ 5G ဖုန်းကို ကိုင်နိုင်မှာပါ။

အဲဒီ ဖုန်း အသစ် ၃ လုံးဟာ စရောင်းရောင်းချင်း နာရီ အနည်းငယ်အတွင်းမှာကတည်းက ရောင်းအား အရမ်းကောင်းခဲ့ပြီး အလုံးရေ ၃၀၀,၀၀၀ ကျော် ရောင်းခဲ့ရပါတယ်။ ဒီသတင်းကို Redmi က ဒီလ အစမှာ ကြေညာခဲ့တာပါ။ Redmi Note 9 Pro 5G ကို တရုတ် ပြင်ပမှာ ရောင်းမလား ဆိုတာ မသိရသေးပါဘူး။ မရောင်းပေးရင်လည်း ပြဿနာ မရှိပါဘူး။ 108MP ကင်မရာ မပါတာကလွဲရင် ကျန်တဲ့ Specs အားလုံးဟာ Mi 10T Lite 5G နဲ့တူနေပါတယ်။ Redmi Note 9 4G ကတော့ Poco M3 နဲ့ တူညီပါတယ်။

Ref : gsmarena