တက်ဘလက် ဈေးကွက်မှာ Android တွေဟာ iPad ကို အရှုံးပေးနေရပါတယ်။ ဒါပေမယ့် Huawei ကတော့ အောက်ကျမခံဘဲ တက်ဘလက် အသစ် ၁ လုံးကို ကြေညာဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ တက်ဘလက်ဟာ Apple iPad Pro နဲ့ Samsung Galaxy Tab S7+ တို့ကို ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
ဒီသတင်းကို ပေးလိုက်တဲ့ Leakster က အဲဒီ တက်ဘလက် အသစ်ဟာ Huawei MatePad Series ထဲက ဖြစ်မယ်လို့ ပြောပြီး ၁၂.၉ လက်မ OLED မျက်နှာပြင်ပါလာမယ်လို့ ဆိုပါတယ်။ 120Hz Refresh Rate ပါလာမယ်လို့ ပြောတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက မိုက်တဲ့အတွက် ဂိမ်းကစားရင်တော့ ရှယ်ပါပဲ။ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကို ပါးလွှာပြီး Punch Hole ကင်မရာ မပါလာဘူးလို့ သိရပါတယ်။ အဲဒီအတွက် မျက်နှာပြင်အောက်မှာ ကင်မရာကို မြှပ်နှံထားမလားလို့တောင် ထင်စရာ ရှိပါတယ်။
ဒါ့အပြင် တက်ဘလက်အသစ်မှာ Huawei နောက်ထုတ်မယ့် Harmony OS အခြေပြု Huawei PadOS မောင်းနှင်ထားမယ်လို့ သိရပါတယ်။ Huawei ဟာ EMUI 11 ပြီးနောက်မှာလည်း Harmony OS ကို အစားထိုးမယ်လို့ သတင်းထွက်နေပါတယ်။
အခုသတင်းထွက်လာတဲ့ Huawei MatePad အသစ်မှာ Huawei ကိုယ်တိုင်ထုတ်ထားတဲ့ Kirin 9000 Silicon Chipset မောင်းနှင်ထားမယ်လို့ သိရပါတယ်။ အဲဒီ MatePad အသစ်ကို Huawei P50 Series စမတ်ဖုန်းတွေနဲ့အတူ ကြေညာနိုင်ပါတယ်။
Ref : gsmarena
https://www.youtube.com/watch?v=9U8g3K4k4g4