OPPO ဟာ 5G ကို ဘက်ဂျက်အနေနဲ့ ယူဆောင်လာခဲ့ပြီး OPPO A53 5G အဖြစ် ဖြန့်ချိလိုက်ပါတယ်။ ဒီဟန်းဆက်ဟာ A စီးရီးနဲ့ သက်ဆိုင်ခဲ့ပြီး၊ ဈေးနှုန်းချိုသာတဲ့ 5G စမတ်ဖုန်းတွေကြားထဲမှာ ပါဝင်လာပါတယ်။ ဒီစမတ်ဖုန်းကို လက်ရှိအချိန်မှာ OPPO ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာလည်း ကြိုတင်မှာယူလို့ ရနေပြီ ဖြစ်ပါတယ်။

OPPO A53 5G ရဲ့ မျက်နှာပြင်ဟာ 6.5-inch LCD ဖြစ်ပြီး 2400 x 1080 pixels resolution ရှိပါတယ်။ Refresh rate ကတော့ 90Hz ဖြစ်ပါတယ်။ TSMC ရဲ့ 7nm process နဲ့ MediaTek Dimensity 720 chip ကိုအသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီ Processor ဟာ အမြင့်ဆုံးကြိမ်နှုန်း 2.0GHz ရှိပြီး SA/NSA dual-mode 5G network ကိုလည်း ထောက်ပံ့ပေးပါတယ်။

မျက်နှာပြင်ရဲ့အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံး တပ်ဆင်ထားပါတယ်။ ကျောဘက်မှာတော့ စတုရန်းပုံစံကင်မရာအိမ်ထဲမှာ LED ဖလက်ရှ်နဲ့အတူ ကင်မရာသုံးလုံး တပ်ဆင်ပေးထားပါတယ်။ ဓါတ်ပုံရိုက်ကူးမှုအတွက် AI စမတ်ကင်မရာသုံးလုံးတပ်ဆင်ထားတာပါ။ အဓိကကင်မရာကတော့ 16MP ဖြစ်ပြီး ကျန်နှစ်လုံးကတော့ 2MP macro lens နဲ့ 2MP portrait တို့ပဲ ဖြစ်ကြပါတယ်။

ဈေးနှုန်းချိုသာတဲ့ 5G ဟန်းဆက်ဟာ 4,040mAh ဘက်ထရီကိုပဲ အသုံးပြုထားသလို၊ အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ထားတာကို မတွေ့ရပါဘူး။ 5V/2A charging ကိုပဲ ထောက်ပံ့ထားပါတယ်။ Fingerprint ကတော့ ဘေးဘက်မှာ ရှိပြီး 3.5mm headphone jack လည်း ပါဝင်ပါတယ်။ 6GB+128GB နဲ့ 4GB+128GB configurations နှစ်မျိုး ရရှိနိုင်ပါတယ်။ 4/128GB ကတော့ $198 (၂ သိန်း ၇သောင်းဝန်းကျင်) နဲ့ ရောင်းချမှာဖြစ်ပြီး Purple, Lake Green နဲ့ Black ဆိုပြီး အရောင်သုံးမျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena