Apple ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက iOS 14.3 Update ကို ထုတ်ပေးထားပြီးဖြစ်ပြီး အခုအချိန်မှာတော့ အဆိုပါ Update ဟာ ပြဿနာအနည်းငယ်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါကတော့ Wireless Charging နဲ့ သက်ဆိုင်ပြီးတော့ iOS 14.3 Update ကို တင်ပြီးတဲ့အချိန်မှာ Third-party Magnetic Charger တွေနဲ့ အသုံးပြုနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။

iOS 14.3 Update ဟာ Apple ရဲ့ ပြောကြားချက်အရဆိုရင် Apple Fitness+ နဲ့ AirPods Max အတွက် Support ရရှိလာတာဖြစ်သလို Wireless Charging ပိုင်းကိုလည်း Fix ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ iOS 14.3 Update တင်ပြီးတဲ့အချိန်မှ Third-party Wireless Charger တွေနဲ့ အလုပ်လုပ်ခြင်းမရှိတော့တာကို ကြုံတွေ့နေရတာဖြစ်ပါတယ်။

ဖြစ်နိုင်တာကတော့ ဒါက Magnetic Wireless Charger တွေပဲ အဖြစ်များနေတဲ့အတွက် Apple iPhone 12 Series မှာပါဝင်တဲ့ MagSafe Charging နဲ့ သက်ဆိုင်တဲ့ Feature Update ကြောင့်အခုလိုမျိုး ဖြစ်ပွားနေတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း Apple ဘက်ကနေတော့ တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

အစောပိုင်းတုန်းကလည်း iOS 14.2 Update မှာ Battery စားသုံးမှုပြဿနာကြောင့် ဝေဖန်မှုတွေခံခဲ့ရပါသေးတယ်။ အဆိုပါ ပြဿနာတွေထဲမှာ ပုံမှန်ထက်ပို Battery စားနေတာအပြင် ညအိပ်ချိန်တွေမှာ 20% ကနေ 40% နီးပါး Battery ကုန်နေတာမျိုးလည်း ကြုံတွေ့နေရတာဖြစ်ပါတယ်။

အဆိုပါ ပြဿနာတွေဟာ နောက်ဆုံးထွက်ရှိထားတဲ့ iPhone 12 နဲ့ iPhone 11 Series တွေထက် iPhone XS ၊ iPhone 7 ၊ iPhone 6S ၊ iPhone SE လိုမျိုးမှာ ပိုပြီးအဖြစ်များနေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လောလောဆယ်မှာ Third-party Wireless Charger ကို အသုံးပြုနေတယ်ဆိုရင် iOS 14.3 Update ကို မတင်တာပိုကောင်းမှာပါ။

Ref – Giz China