Honor ဟာ ယခုလအတွင်းမှာ V40 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားဖို့ သတင်းတွေက ယခင်လကတည်းက ထွက်ရှိနေတာဖြစ်ပါတယ်။ အစောပိုင်းတုန်းက အဆိုပါ Honor V40 Series ဖုန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကတည်းက မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်ပေမယ့် Kirin Chipset အစား MediaTek Chipset ကို ပြောင်းလဲအသုံးပြုလိုက်ရတဲ့အတွက် နှောင့်နှေးခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Honor ကနေ V40 Series ဖုန်းတွေကို လာမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို Honor ကိုယ်တိုင်ကနေ Weibo စာမျက်နှာမှာဖော်ပြခဲ့တာပါ။

Honor ဟာ လက်ရှိအချိန်မှာ Huawei နဲ့ သက်ဆိုင်ခြင်းမရှိတော့ဘဲ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုဖြစ်နေပြီဖြစ်တဲ့အတွက် Honor V40 Series ဖုန်းတွေဟာ Honor ရဲ့ ပထမဆုံး ကိုယ်ပိုင်စမတ်ဖုန်းတွေဖြစ်လာမှာပါ။ Honor ကနေ ထုတ်ပြန်ခဲ့တဲ့ Teaser Poster အရတော့ Curved Display အပြင် Dual Punch-hole Selfie Camera တွေကိုလည်း တွေ့ရပါတယ်။ Design ပိုင်းအရတော့ တော်တော်လေးကို Premium ဆန်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Honor V40 ဟာ Specification တွေအရတော့ 6.72″ OLED Display ကိုမှ 120Hz Refresh Rate Support ပြုလုပ်မှာဖြစ်တဲ့အပြင် 300Hz Touch Sampling Rate လည်းပါဝင်မှာပါ။ Camera ပိုင်းအနေနဲ့ကတော့ 64MP + 8MP + 2MP + 2MP Quad Camera Setup နဲ့ Selfie Camera ကိုတော့ 32MP + 16MP Dual Camera Setup ထည့်သွင်းထားမှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 4000mAh Battery ကိုမှ 66W Fast Charging Support ပြုလုပ်လာမယ်လို့ သိရပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 10 OS ကို အခြေခံထားတဲ့ Magic UI 4.0 ကို အသုံးပြုလာမှာဖြစ်ပါတယ်။

Ref – Gizmo China