လက်ရှိအချိန်မှာ IT Device တိုင်းအတွက် VPN ဟာ မရှိမဖြစ် လိုအပ်နေပါပြီ။ ExpressVPN, NordVPN, ProtonVPN စတဲ့ နာမည်ကြီး VPN တွေက ကောင်းလည်းကောင်းတယ်၊ မြန်လည်းမြန်တယ်ဆိုပေမယ့် Premium ဝယ်သုံးမှပဲ အဆင်ပြေပြေ သုံးနိုင်တာပါ။ Free ပေးသလောက်ပဲသုံးရင် ကန့်သတ်ထားတဲ့ ဝန်ဆောင်မှုအောက်မှာ၊ ဖြည်းဖြည်းနဲ့ နှေးနှေးပဲ သုံးရပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ Free ပေးထားတဲ့ Account တွေနဲ့သုံးပြန်ရင်လည်း တစ်ခါတလေမှာ ချိတ်ရခက်တာမျိုးနဲ့တွေ့ပြီး ငုတ်တုတ်မေ့နေရတတ်ပါတယ်။

VPN အတွက် အကုန်အကျလည်း အများကြီးမခံချင်ဘူး၊ အလုပ်ရှုပ်လည်းမခံချင်ဘူးဆိုရင်တော့ Extensions ပဲ သုံးလိုက်တာက အဆင်အပြေဆုံးလို့ ပြောရမှာဖြစ်ပါတယ်။ အထူးသဖြင့် Chrome Browser မှာ ပေါ့ပေါ့ပါးပါးနဲ့ အခမဲ့သုံးစွဲနိုင်တဲ့ VPN Extensions တွေ အများကြီး ရှိနေပါတယ်။ ဒီထဲကမှ ကိုယ်တိုင်စမ်းသုံးကြည့်ပြီး အကြိုက်ဆုံးဖြစ်တဲ့ ၅ မျိုးကို ဖော်ပြပေးသွားပါမယ်။

1.Touch VPN

Touch VPN က တကယ့်ကို ၁၀၀% အခမဲ့ပါ။ လက်ရှိအချိန်မှာ အသုံးပြုနေသူပေါင်း 5,000,000+ ရှိနေပါတယ်။ Bandwidth ကန့်သတ်ချက်လည်း မရှိသေးပါဘူး။ ဒါကြောင့် အသုံးပြုရတာ အတော်လေးကို မြန်ဆန်တယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်ဝက်ဘ်ဆိုက်ကိုမဆို Unblock လုပ်ပေးသွားမှာဖြစ်ပြီး Click တစ်ချက်နဲ့တင် စိတ်သွားတိုင်းကိုယ်ပါနိုင်တာကြောင့် နံပါတ်တစ် ရွေးချယ်မှုအဖြစ် ဖော်ပြလိုက်ပါတယ်။ Android, iOS, Windows, macOS စတဲ့ Platforms တွေမှာလည်း အသုံးပြုနိုင်ပါတယ်။

2.Setup VPN

Setup VPN ကလည်း အခမဲ့ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ရာသက်ပန် အခမဲ့အသုံးပြုနိုင်မယ်လို့ ကတိပေးကြောင်း ကြော်ငြာထားတာပါ။ လုံခြုံရေ:အတွက် 4096-bit military-grade encryption နဲ့ ထောက်ပံ့ထားတယ်လို့ သိရပါတယ်။ Setup VPN ကလည်း Bandwidth ကို အကန့်အသတ်မဲ့ ပေးထားတာပါပဲ။ ဒီ VPN Extension ကို အသုံးပြုဖို့ Install လုပ်ဖို့၊ Sign up လုပ်ဖို့၊ ချိတ်ဆက်ဖို့အတွက် နည်းပညာဆိုင်ရာကျွမ်းကျင်ဖို့ မလိုအပ်ပါဘူး။ လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်ပါတယ်။

3.Hotspot Shield VPN

Hotspot Shield ဟာ ကမ္ဘာပေါ်က ယုံကြည်စိတ်ချမှုအရှိဆုံး VPN & Proxy တွေထဲမှာ ပါဝင်ပါတယ်။ အခု Chrome မှာလည်း သုံးလို့ရလာတာကြောင့် စမ်းသုံးကြည့်ဖို့ နှောင့်နှေးမနေသင့်တဲ့ VPN လို့ ဆိုချင်ပါတယ်။ လက်ရှိအချိန်မှာ Hotspot Shield ကို အသုံးပြုနေသူပေါင်း 2,536,080 ကျော်နေပြီ ဖြစ်ပါတယ်။ Click တစ်ချက်နဲ့တင် အသုံးပြုနိုင်တာကလည်း အရမ်းလွယ်ကူလွန်းနေတာ ဖြစ်ပါတယ်။ Sign-up လုပ်ဖို့မလိုအပ်တာကလည်း လုံးဝကို အာရုံမစားချင်ဘူးဆိုတဲ့သူတွေအတွက် ကြိုက်နှစ်သက်စရာ ဖြစ်နေပါလိမ့်မယ်။ Free Version မှာတင် သူ့ရဲ့ Feature 95% လောက်ကို သုံးလို့ရနေတာပါ။

4.ZenMate VPN

အခမဲ့သုံးရင် ရွေးချယ်စရာ Server နည်းတယ်ဆိုပေမယ့် ချိတ်ဆက်မှုနဲ့ လုံခြုံမှုပိုင်းမှာ စိတ်ချမ်းသာမှုကို ပေးပါတယ်။ လက်ရှိမှာသုံးစွဲသူပေါင်း ၄၅ သန်းကျော်ရှိနေတဲ့ ဒီ VPN ဟာ ဂျာမန်ကုမ္ပဏီက ပြုလုပ်ထားတာဖြစ်ပြီး no-log policy အတွက် စည်းကမ်းကြီးတယ်လို့လည်း နာမည်ကောင်းရထားတာပါ။ ZenMate လည်း အသုံးးပြုရတာမြန်ပြီး Account တစ်ခုဖွင့်ထားရင် Device 5 ခုအထိ အသုံးပြုနိုင်တာလည်း ဖြစ်ပါတယ်။

5.Dot VPN

အခမဲ့သုံးချင်တယ်။ Bandwidth လည်း အကန့်အသတ်မဲ့ ရချင်တယ်ဆိုရင် Dot VPN ကိုလည်း ချန်လှပ်ထားလို့မရပါဘူး။ Virtual location ၁၀ ခုက စွမ်းရည်မြင့် Server တွေနဲ့အတူ စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။ အကယ်၍ ရှာနေတဲ့အကြောင်းအရာတစ်ခုကို မရဘူးဆိုရင်တောင်မှ ဒီပြဿနာကို ဖြေရှင်းပေးဖို့အတွက် သူတို့ဆီကို စာရေ:ပြီးတောင်းဆိုနိုင်ပါသေးတယ်။ ကုမ္ပဏီဘက်ကလည်း ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးပါလိမ့်မယ်။ အခမဲ့အသုံးပြုရတယ်ဆိုပေမယ့် တရားဝင်ရရှိတဲ့ Features တွေရဲ့ ၈၀% အထိကို အသုံးပြုနိုင်တာလည်း ဖြစ်ပါတယ်။

Ref: Google