Leica ဟာ ယခင်တုန်းက Huawei လိုမျိုးကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ Camera ပိုင်းမှာ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတုန်းက Sharp နဲ့ ပူးပေါင်းပြီး Aquos R6 ဖုန်းကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Leica ကနေ တခြားသော စမတ်ဖုန်းကုမ္ပဏီတွေနဲ့ ပူးပေါင်းခြင်းမရှိဘဲ Leitz Phone 1 လို့ နာမည်ပေးထားတဲ့ ကိုယ်ပိုင်စမတ်ဖုန်းအသစ်ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Leitz Phone 1 ဟာ လောလောဆယ်မှာ ဂျပန်နိုင်ငံမှာပဲ ရောင်းချသွားမှာဖြစ်ပြီး Soft Bank Operator ကုမ္ပဏီကပဲ ရောင်းချသွားမယ်လို့ သိရပါတယ်။

Leitz Phone 1 ဟာ 6.6″ IGZO OLED Display ကို အသုံးပြုထားပြီး Full HD Resolution ကိုမှ 240Hz Refresh ကို Support ပေးနိုင်မှာဖြစ်ပါတယ်။ Performance ပိုင်းမှာတော့ Qualcomm Snapdragon 888 Chipset ကိုမှ RAM 12GB နဲ့ 256GB Storage တွေပါဝင်မှာဖြစ်ပါတယ်။

Camera အနေနဲ့ကတော့ စမတ်ဖုန်းတွေထဲမှာ အရွယ်အစားအကြီးမားဆုံးလို့ပြောနိုင်တဲ့ 20MP f1.9 1-inch Sensor ကိုတပ်ဆင်ပေးထားပါတယ်။ Selfie Camera အနေနဲ့ကတော့ 12.6MP Sensor ကို အသုံးပြုပေးထားပါတယ်။ Leica ကနေ ထုတ်လုပ်ထာားတာဖြစ်တဲ့အတွက် Camera ပိုင်းမှာ သီးသန့် Software Feature တွေ Manual Control တွေလည်း အများအပြားပါဝင်မှာဖြစ်ပါတယ်။

Battery အနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး Software အနေနဲ့ Android 11 ကိုမှ Leica ရဲ့ ကိုယ်ပိုင် Custom UI ကို အသုံးပြုပေးထားပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ $1,700 (မြန်မာငွေ ၂၈ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena