Apple ဟာ လာမယ့် စက်တင်ဘာလအတွင်းမှာ iPhone 13 Series ဖုန်းတွေကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် iPhone 13 နဲ့ သက်ဆိုင်တဲ့အချက်အလက်တွေက တဖြည်းဖြည်းထွက်ရှိနေပါတယ်။

အခုထပ်မံထွက်ရှိလာတဲ့သတင်းကတော့ Wi-Fi နဲ့ ပတ်သက်ပြီး DigiTimes ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါကတော့ Apple ကနေ iPhone 13 Series မှာ Wi-Fi 6E ကို Support ပေးလာမယ့်အပြင် အမြန်နှုန်းနဲ့ Range ကိုလည်း အဆင့်မြှင့်တင်ထားမှာပါ။

Wi-Fi 6E ဆိုတာကတော့ လက်ရှိ Wi-Fi 6 နဲ့ မတူညီဘဲ 6GHz Frequency ကို အသုံးပြုထားတဲ့အပြင် အမြန်နှုန်းမှာလည်း Wi-Fi 6 ထက်တောင် သိသိသာသာပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ Wi-Fi 6E ကို အပြည့်အဝအသုံးချနိုင်ဖို့အတွက်ကတော့ အသုံးပြုထားတဲ့ Router ကလည်း Wi-Fi 6E ဖြစ်ဖို့လိုအပ်ပါတယ်။

နောက်ထပ်လည်း iPhone 13 တွေရဲ့ Wi-Fi ဖမ်းယူနိုင်စွမ်းကိုလည်း အဆင့်မြှင့်တင်ထားပြီး ယခင်ထက်ပိုပြီး ဝေးဝေးကနေ Wi-Fi Network တွေကို ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ ဒီအချက်ကတော့ လက်တွေ့အသုံးပြုတဲ့အချိန်မှာ သိသိသာသာအကျိုးရှိလာနိုင်ပါတယ်။

iPhone 13 Series ဖုန်းတွေဟာ 120Hz LTPO Display ၊ Camera ပိုင်းပြောင်းလဲမှုတွေအပြင် Face ID Notch ကလည်း ယခင်ထက်ပိုပြီး သေးငယ်သွားမှာဖြစ်ပါတယ်။ Design ပိုင်းမှာ ပြောင်းလဲမှုတွေပြုလုပ်လာမယ်ဆိုပေမယ့် မနှစ်တုန်းကအတိုင်းပဲ အမျိုးအစား (၄) မျိုးမိတ်ဆက်သွားမှာပါ။

Ref – Gizmo China