Samsung က Galaxy Watch4 နဲ့ Galaxy Watch4 Classic ကို ကြေညာလိုက်ပြီး Wear OS အခြေပြု One UI Watch ပါတဲ့ Samsung ရဲ့ ပထမဆုံး စမတ်နာရီတွေ ဖြစ်ပါတယ်။ ဖက်ရှင်ကျ လှပတဲ့ ဒီဇိုင်း ဖြစ်ပြီး Wear OS မှာ 5nm Chipset ထည့်သွင်းထားတဲ့ ပထမဆုံး Wearables တွေ ဖြစ်ပါတယ်။

Samsung Galaxy Watch4, Watch4 Classic are official with new health-oriented features

Galaxy Watch4 Classic မှာ Rotating Bezel နဲ့ Stainless Steel Body တွေ ပါပါတယ်။ ဒီဇိုင်း ကွာခြားပေမယ့် အတွင်းပိုင်း အစိတ်အပိုင်းတော်တော်များများက တူညီကြပါတယ်။

Samsung Galaxy Watch4, Watch4 Classic are official with new health-oriented features

Galaxy Watch4 အတွက် ၄၄ မီလီမီတာ (၁.၃၆ လက်မ မျက်နှာပြင်) နဲ့ ၄၀ မီလီမီတာ ( ၁.၁၉ လက်မ မျက်နှာပြင်) တွေ ထုတ်လုပ်ပေးထားပြီး Watch4 Classic အတွက် ၄၆ မီလီမီတာနဲ့ ၄၂ မီလီမီတာ ရွေးချယ်နိုင်ပါတယ်။ မျက်နှာပြင် အရွယ်အစားတွေက တူညီကြပြီး မော်ဒယ်အားလုံးမှာ 330ppi Density ထောက်ပံ့ထားပါတယ်။

Samsung Galaxy Watch4, Watch4 Classic are official with new health-oriented features

Galaxy Watch 4 Series အားလုံးရဲ့ အနောက်ဘက်မှာ Bioactive Sensor တပ်ဆင်ထားပြီး သွေးစီးဆင်းမှုကို တိုင်းတာပေးတဲ့ နည်းပညာ ဖြစ်တဲ့ PPG ၊ ECG နဲ့ ကိုယ်ခန္တာ တည်ဆောက်မှုကို တွက်ချက်ပေးတဲ့ BIA နည်းပညာတွေ ထည့်သွင်းထားပါတယ်။

Samsung Galaxy Watch4, Watch4 Classic are official with new health-oriented features

Wear OS အခြေပြု One UI Watch ဖြစ်တဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုပေါင်း ၁၀၀ ကျော်ကို တွက်ချက်ပေးနိုင်ပြီး အိပ်စက်မှု စီမံခန့်ခွဲတဲ့ နည်းပညာ ပိုကောင်းလာပါတယ်။ ဟောက်တာကို အာရုံခံတာနဲ့ အိပ်နေစဉ်မှာ သွေးတွင်း အောက်ဆီဂျင် ပမာဏကို စဉ်ဆက်မပြတ် တွက်ချက်ပေးတာတွေ ပါပါတယ်။

Watch 4 Series မှာ Samsung ရဲ့ နောက်ဆုံးထုတ် 5nm Chipset ဖြစ်တဲ့ Exynos W920 မောင်းနှင်ထားပြီး 4G LTE Cat.4 Modem ပါလာပါတယ်။ Always On Display လုပ်ဆောင်ချက် ထောက်ပံ့ထားပြီး 1.5GB RAM နဲ့ 16GB Storage ထည့်သွင်းထားပါတယ်။ ဘက်ထရီက 361mAh ဖြစ်ပြီး အရွယ်သေး မော်ဒယ်အတွက် 247mAh ထည့်ထားပါတယ်။ ၁ ခါအားအပြည့်သွင်းထားရင် နာရီပေါင်း ၄၀ အထိ အသုံးခံပြီး ၂ နာရီအတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Galaxy Watch4 အတွက် အနက်နဲ့ ငွေရောင် ထုတ်လုပ်ထားပြီး ၄၄ မီလီမီတာအတွက် အစိမ်းရောင် ရွေးချယ်နိုင်ပါတယ်။ ၄၀ မီလီမီတာအတွက် ပန်းရောင်နဲ့ ရွှေရောင် ၂ မျိုးစပ် ထုတ်လုပ်ပေးထားပါတယ်။ Bluetooth Only ၄၂ မီလီမီတာကို ၂၆၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၂ သောင်းလောက် ကျသင့်မှာပါ။

Galaxy Watch4 Classic အတွက် အနက်နဲ့ ငွေရောင် ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး Bluetooth Only ၄၀ မီလီမီတာ မော်ဒယ်ကို ၃၆၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇ သိန်း ၁ သောင်းလောက်ကျသင့်ပြီး မော်ဒယ်အားလုံးကို ဒီလ ၂၇ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena