Tesla CEO Elon Musk ကို ရည်ရွယ်ထားတဲ့ Non-fungible Tokens(NFTs) တွေထွက်ပေါ်လာပါတယ်။ အဲဒီ NFTs Series အမည်က “Dogs of Elon” (DoE) ဖြစ်ပြီး ခွေးပုံတွေ ပါဝင်တဲ့ NFTs ပေါင်း ၁၀,၀၀၀ ပါဝင်ပါတယ်။ အဲဒီ NFTs Series ရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို ဖော်ပြထားတဲ့ Website ၁ ခုကိုလည်း လွှင့်တင်ထားပါတယ်။

NFTs (Non-fungible Tokens) တွေဟာ Cryptocurrency နဲ့ ဝယ်ယူနိုင်တဲ့ Virtual Collectible တွေ ဖြစ်ပါတယ်။ “Dogs of Elon” NFTs တွေကို ရောင်းချတဲ့ Website က “ အဲဒီ NFTs တွေကို ကျွန်တော်တို့ရဲ့ Website မှာ ကြိုတင်ဝယ်ယူနိုင်ပါပြီ။ “ လို့ တွစ်တာမှာ အသိပေးထားပါတယ်။

Elon Musk on his crypto portfolio and why he supports dogecoin

လူတစ်ယောက်ဟာ Address တစ်ခုကနေ DoE NFTs ၁၀,၀၀၀ ထဲက ၂၀ ခုကိုပဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်းမှာ ရောင်းချပွဲကို ကျင်းပမှာ ဖြစ်ပေမယ့် Tesla CEO ဘီလီယမ်နာကတော့ ဒီအကြောင်းကို အခုထက်ထိ ဘာမှ မတုန့်ပြန်သေးပါဘူး။

Shiba Inu, Kishu Inu တို့လို Dogecoin တော်တော်များများဟာ မကြာခင်က လူစိတ်ဝင်စားမှုများလာပါတယ်။ အဲဒီ ခွေး အခြေပြု Coin တွေရဲ့ တန်ဖိုးဟာ အသေးစား ရင်းနှီးမြှပ်နှံသူတွေအတွက် ဝယ်ယူရတာ လွယ်ကူစေပါတယ်။

အားလုံးထဲမှာ Dogecoin ဟာ နာမည်အကြီးဆုံး Memecoin ဖြစ်ပါတယ်။ Cryptocurrency ဟာ ၂၀၁၃ ခုနှစ်မှာ ဟာသ ၁ ခု ဖြစ်ခဲ့ပေမယ့် အမေရိကန်မှာတော့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း တန်ဖိုးဟာ အဆများစွာ တက်လာပါတယ်။

ဩစတြေးလျ အခြေစိုက် Cryptocurrency စစ်တမ်း အေဂျင်စီ ၁ ခုက အမေရိကန်မှာ Dogecoin (DOGE) စုဆောင်းမှုဟာ Bitcoin နဲ့ Ether တို့ကို ကျော်တက်သွားပြီလို့ ပြောပါတယ်။

Ref : gadgets.ndtv