Motorola က တရုတ်မှာ Moto G51 စမတ်ဖုန်း အသစ်ကို ကြေညာလိုက်ပြီး Qualcomm ရဲ့ Snapdragon 480+ Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ အရွယ်အစားကြီးတဲ့ ဘက်ထရီနဲ့ မျက်နှာပြင် ပါလာပြီး ဈေးနှုန်းက သက်သာပါတယ်။

Moto G51 is official as the first phone with Snapdragon 480+ chipset

Moto G51 မှာ ၆.၈ လက်မ LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး  120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု ကောင်းမွန်ပါတယ်။ ဆဲလ်ဖီး ကင်မရာအတွက် Punch Hole ၁ လုံး ပါလာပြီး အနောက်ဘက်မှာ 50MP Main , 8MP Ultrawide-angle နဲ့ 2MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

Motorola Moto G51 is the first phone with Snapdragon 480+ chipset -  GSMArena.com news

Motorola က Moto G51 မှာ Dolby Stereo စပီကာတွေ ထည့်သွင်းပေးထားပြီး 10W Charging ပဲ ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပါတယ်။ ဆော့ဖ်ဝဲ အကြောင်း ပြောရရင် Moto G51 မှာ Android 11 အခြေပြု MYUI 2.0 မောင်းနှင်ထားပြီး Customization Option များစွာ ပါပါတယ်။

Moto G51 အတွက် 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး SIM Slot ၂ ခုစလုံးအတွက် 5G ကွန်ရက်ကို ထောက်ပံ့ပေးထားပါတယ်။ တရုတ်မှာ ၁,၄၉၉ ယွမ် သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၄ သိန်း ၂ သောင်းလောက် ကျသင့်မှာပါ။

Ref : gsmarena