Motorola က Moto E20 နဲ့ Moto E40 ကို ကြေညာပြီးပြီ ဖြစ်ပါတယ်။ အခုတော့ Moto E30 ကို Motorola Slovakia Website နဲ့ Belgium က Aldi မှာ တိတ်တဆိတ် ကြေညာလိုက်ပါပြီ။ အဲဒီ ဖုန်းရဲ့ Hardware အများစုဟာ E40 နဲ့ တူညီပေမယ့် ကွဲပြားချက် အနည်းငယ် ရှိပါတယ်။
Moto E30 ဟာ E20 လို Android 11 Go Edition ဖုန်း ဖြစ်ပြီး 2GB RAM နဲ့ 32GB Storage ပါပါတယ်။ တခြား Specs တွေကတော့ Moto E30 နဲ့ Moto E40 ဟာ တူညီကြပါတယ်။
Moto E30 မှာ E40 မှာလို တူညီတဲ့ Unisoc T700 Chipset မောင်းနှင်ထားပြီး ၆.၅ လက်မ IPS LCD 720p+ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 90Hz Refresh Rate ထောက်ပံ့ထားတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု သင့်တင့် ကောင်းမွန်ပါတယ်။
အနောက်ဘက်မှာ 48MP Main ကင်မရာ တပ်ဆင်ထားပြီး 1080p 30fps ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ 2MP Macro နဲ့ 2MP Depth ကင်မရာ ၂ လုံးကိုလည်း အနောက်ဘက်မှာ အားဖြည့်ထားပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။
အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး Motorola က နာရီ ၄၀ အသုံးခံတယ်လို့ ပြောပါတယ်။ 10W Charging ပဲ ပါလာတာက သိပ်မကောင်းပါဘူး။ လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး နားကြပ်ပေါက် ပါပါတယ်။ IP52 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး ဖုန်းကိုယ်ထည်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားကာ ၁၉၈ ဂရမ် အလေးချိန်ရှိပါတယ်။
Moto E30 ဟာ 4G ဖုန်း ဖြစ်ပြီး Wi-Fi b/g (2.4 GHz) နဲ့ Bluetooth 5.0 ထောက်ပံ့ထားပေမယ့် NFC မပါလာပါဘူး။ တည်နေရာ ညွှန်ပြမှုအတွက် GPS, GLONASS နဲ့ Galileo တို့ ပါလာပါတယ်။ Motorola Slovakia Website မှာ Moto E30 ရဲ့ ဈေးနှုန်းကို မဖော်ပြထားပေမယ့် Aldi Belgium မှာ ယူရို ၁၀၀ လို့ ဖော်ပြထားပါတယ်။ မြန်မာငွေ ၂ သိန်းလောက်ပဲရှိတဲ့အတွက် ဈေးချိုသာပြီး ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။
Ref : gsmarena