Lenovo ပိုင်တဲ့ စမတ်ဖုန်း Brand ဖြစ်တဲ့ Motorola ဟာ နောက်မျိုးဆက် စွမ်းရည်မြင့် စမတ်ဖုန်း ၁ လုံးကို ကြေညာဖို့ ပြင်ဆင်နေပြီး Moto Edge X လို့ နာမည်ပေးထားမယ်လို့ ကုမ္ပဏီက အရိပ်အမြွက် သတင်းပေးထားပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ အဲဒီ ဖုန်းရဲ့ သတင်းတွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေပါတယ်။
အခုတော့ Moto Edge X ကို 3C ကနေ ခွင့်ပြုလိုက်ပြီလို့ သတင်းထွက်လာပြီး မော်ဒယ်နံပါတ်က XT2201-2 ဖြစ်ပါတယ်။ 3C မှာ 68.2W Fast Charging နည်းပညာ ထောက်ပံ့ထားမယ်လို့ ဖော်ပြထားပါတယ်။
3C မှာ ဖုန်းနာမည်ကို မဖော်ပြထားပေမယ့် အားသွင်း အမြန်နှုန်းကို ကြည့်ရင် စွမ်းရည်မြင့် ဖုန်းဆိုတာ သေချာပြီး ဒါဟာ Moto Edge X က လွဲပြီး တခြား မဖြစ်နိုင်ပါဘူး။
ဘက်ထရီ ပမာဏကိုလည်း 3C မှာ မဖော်ပြထားပေမယ့် ပေါက်ကြားသတင်းတွေအရ 4,500mAh သို့မဟုတ် 5,000mAh ဘက်ထရီ ဖြစ်နိုင်ပါတယ်။ Qualcomm ဒီလကုန်မှာ ကြေညာမယ့် Snapdragon 898 Chipset မောင်းနှင်ထားမယ်လို့ ထင်ရပါတယ်။
Motorola ဟာ ဒီနှစ်ထဲမှာ Snapdragon 888 Chipset ပါတဲ့ ဖုန်းကို မရောင်းချထားသေးတဲ့အတွက် Moto Edge X မှာ အဲဒီ Chipset ပါလာကောင်းပါလာနိုင်ပါတယ်။ ကင်မရာတွေအကြောင်းပြောရရင် 108MP Main ကင်မရာ အပါအဝင် ကင်မရာ ၃ လုံး ထည့်သွင်းထားနိုင်ပါတယ်။
စွမ်းရည်မြင့် စမတ်ဖုန်းဖြစ်တဲ့အတွက် 120Hz သို့မဟုတ် 144Hz AMOLED မျက်နှာပြင် တပ်ဆင်ထားနိုင်ပြီး အများဆုံး အနေနဲ့ 12GB RAM အထိ ပါလာနိုင်ပါတယ်။ လက်ရှိမှာ ဒီသတင်းတွေဟာ မှန်းဆချက်သာ ဖြစ်တဲ့အတွက် ကုမ္ပဏီရဲ့ Teaser တွေကို စောင့်ကြည့်ရဦးမှာပါ။
Ref : gizmochina