NFT လို့လူသိများတဲ့ Non-fungible Token တွေဟာ အခုဆိုရင် နယ်ပယ်အစုံမှာ ရောက်ရှိနေပြီဖြစ်ပြီး အထူးသဖြင့် Gaming ပိုင်းမှာ Play-to-Earn ဂိမ်းတွေကြောင့် ပိုပြီး အောင်မြင်နေပြီလို့ ပြောနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ဒီလိုမျိုး Play-to-Earn Game တွေအပြင် တခြားသော Next Generation Crypto-gaming Startup တွေအတွက် GamesPad လို့ အမည်ရတဲ့ Gaming Ecosystem တစ်ခုကို တရားဝင်မိတ်ဆက်ခဲ့ပါသေးတယ်။

အဆိုပါ GamesPad ဟာဆိုရင် လက်ရှိ Gaming ပိုင်းနဲ့သက်ဆိုင်တဲ့ NFT တွေ၊ Metaverse ၊ Decentralized VC ၊ Multichain Launchpad ၊ Game Incubator ၊ NFT Aggregator နဲ့ Marketplace တွေအကုန်လုံးပါဝင်တဲ့ Project တစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး 360-degree ချဥ်းကပ်မှုကြောင့် GamesPad ဟာ Play-to-Earn Model ဂိမ်းတွေအတွက် အကောင်းဆုံး Standard တစ်ခုဖြစ်လာနိုင်တယ်လို့ ယူဆထားကြတာဖြစ်ပါတယ်။

GamesPad ရဲ့ NFT Collection ဟာလည်း အလွန်အောင်မြင်ခဲ့ပြီး BullPerks Launchpad မှာပြုလုပ်ခဲ့တဲ့ Initial NFT Offering မှာ Collection အကုန်လုံးကို ဒေါ်လာ ၄.၅ သန်းနဲ့ ရောင်းချရခဲ့တာဖြစ်ပါတယ်။ အခုလည်း GamesPad NFT တွေကို နာမည်ကြီး Cryptocurrency Marketplace တစ်ခုဖြစ်တဲ့ Binance မှာ လာမယ့် ဇန်နဝါရီလ ၇ ရက်နေ့က စတင်ပြီးရရှိနိုင်တော့မယ်လို့ သိရပါတယ်။

Binance ဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံတွင်း Cryptocurrency ကို စိတ်ဝင်စားတဲ့သူတွေနဲ့ မစိမ်းတဲ့ Marketplace တစ်ခုဖြစ်ပြီး အသုံးပြုသူတွေလည်း များပြားနေပြီဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး Global စျေးကွက်ကို ဦးတည်ထားတဲ့ Binance NFT Marketplace မှာ GamesPad NFT တွေကို ဝယ်ယူနိုင်မှာကြောင့် နောက်ပိုင်းမှာ ပိုပြီး အောင်မြင်လာနိုင်ခြေများနေပါတယ်။

Ref – Martech Series