လူအတော်များများကတော့ Mobile ဂိမ်းတွေကို PC နဲ့ ကစားလို့ရမယ်ဆိုရင် ကစားချင်ကြတာပါပဲ။ အထူးသဖြင့် Google Play Store က ဂိမ်းတွေကို Windows နဲ့ ကစားနိုင်မယ်ဆိုရင် အတော်များများက ပျော်ရွှင်ကြမယ်လို့ ဆိုချင်ပါတယ်။ ဒါကိုသိတဲ့ Google ကလည်း ကြိုးပမ်းနေပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လာမဲ့ ၂၀၂၂ ခုနှစ်ထဲမှာ Google Play Store က ဂိမ်းတွေကို Windows 10 နဲ့ 11 တွေမှာ ကစားနိုင်မယ်လို့ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက Play Store က ဂိမ်းတွေကို Windows မှာ ကစားဖို့ အိပ်မက်နေကြသူတွေအတွက် အခုအချိန်မှာတော့ အိပ်မက်တွေတကယ်ဖြစ်လာတာပါပဲ။
Google ဟာ Google Play ဂိမ်းတွေကို Windows ပေါ်မှာ စတင်လည်ပတ်နိုင်အောင် တရားဝင်စမ်းသပ်နေပါပြီ။ အခုအချိန်က Beta testing period ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ဒေသက ရွေးချယ်ခြင်းခံထားရတဲ့ အသုံးပြုသူအချို့ကပဲ Android apps တွေကို သူတို့ရဲ့ PC တွေမှာ စမ်းသပ်ခွင့်ရကြပါသေးတယ်။
စမ်းသပ်ခွင့်ရကြသူတွေအတွက် Game apps ကို Download လုပ်ရာမှာ Download on Windows နဲ့ Install on Android ဆိုပြီး ရွေးချယ်ခွင့်ပေးထားတာကိုလည်း တွေ့မြင်ရပါတယ်။ အခုမြင်တွေ့ရတာကတော့ Lineage2M ဂိမ်းဖြစ်ပြီး Google Play ရဲ့ Desktop version မှာ ဖြစ်ပါတယ်။ ဒါကို နှိပ်လိုက်ရင် Windows မှာ အသုံးပြုနိုင်မဲ့ File ကို ရရှိပါလိမ့်မယ်။
Filename ဟာ Purple emulator ကို အသုံးပြုနေကြောင်း ဖော်ပြနေပါတယ်။ ဒါပေမဲ့ Microsoft ဟာ ဒါကို Project တစ်ခုလုံးအတွက် အသုံးပြုဖို့အစီအစဉ်ရှိမရှိ၊ ဒါမှမဟုတ် မတူညီတဲ့ဒေသတွေမှာ ကွဲပြားခြားနားတဲ့ အရာတွေကို စမ်းသပ်နေတာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ အခုဖော်ပြထားတဲ့ Source Link ကိုနှိပ်ပြီး စာဖတ်သူရဲ့ Windows မှာ Download လုပ်လို့ရလား၊ မရလား စမ်းသပ်နိုင်ပါတယ်။
Ref: GSM Arena