realme ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လထဲက 125W UltraDart Charging နည်းပညာကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ 125W UltraDart Charging ကို ပြီးခဲ့တဲ့ realme GT2 Pro ဖုန်းမှာ ထည့်သွင်းထားမယ်လို့ ပြောကြားခဲ့ပေမယ့် တကယ်တမ်း မိတ်ဆက်တဲ့အချိန်မှာတော့ 65W Charging ကိုပဲ အသုံးပြုလာခဲ့တာပါ။

ဒါကြောင့် လက်ရှိအချိန်အထိ realme ကနေ မိတ်ဆက်ထားတဲ့ 125W UltraDart Charging နည်းပညာဟာ တကယ့်စမတ်ဖုန်းတွေမှာတော့ အသုံးပြုထားခြင်းမရှိသေးဘူးဖြစ်ပါတယ်။ ဒါပေမယ့်လည်း realme ကနေ နောက်ထပ် Fast Charging နည်းပညာအသစ်တွေကို ဆက်ပြီး အသုံးပြုလာဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပြီဖြစ်ပါတယ်။

အဆိုပါ သတင်းကိုတော့ ယုံကြည်ရတဲ့ Tipster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပြီး realme ဟာ 80W နဲ့ 150W Charging ပါဝင်တဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီလိုမျိုး 150W Charging အတွက် realme ဟာ OPPO ရဲ့ 160W Power Adapter တွေကို အသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ထပ်အနေနဲ့ realme ကနေ MediaTek Dimensity 8000 Chipset ကို အသုံးပြုထားတဲ့ဖုန်းတစ်လုံးကိုပါ မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး သတင်းထွက်ရှိထားပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာလည်း realme ကနေ Dimensity 920 ကိုအသုံးပြုထားတဲ့ realme 9 Pro+ အပါအဝင် realme 9 Pro Series ကို မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။

Ref – GSM Arena