SpaceX ပေးပို့လိုက်တဲ့ Starlink User Terminal အပြည့်တင်ထားတဲ့ ထရပ်ကားဟာ ယူကရိန်းကို ရောက်လာပြီဆိုတဲ့ အကြောင်း ယူကရိန်း ဒုတိယ ဝန်ကြီးက ဓါတ်ပုံနဲ့တကွ တွစ်တာမှာ ပို့စ်တင်ထားပါတယ်။ Mykhailo Fedorov ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းကို Starlink ဂြိုလ်တု အင်တာနက် ပံ့ပိုးပေးဖို့ Elon Musk ကို တွစ်တာမှာ တောင်းဆိုခဲ့ပြီး သိပ်မကြာခင်မှာပဲ Musk က ယူကရိန်းအတွက် ဂြိုလ်တု အင်တာနက်ကို ဖွင့်ပေးလိုက်ပြီလို့ တုန့်ပြန်ခဲ့ပါတယ်။ Musk က Terminal တွေကို ပို့ဆောင်ပေးမယ်လို့ ပြောခဲ့ပြီး အခုတော့ ကတိအတိုင်း ပေးပို့လိုက်ပါပြီ။

Tweet from @FedorovMykhailo saying “Starlink — here. Thanks, @elonmusk” with an image attached showing the back of a truck filled with Starlink terminals.

ယူကရိန်း မြို့တော်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဓိက အင်တာနက် အခြေခံ အဆောက်အဦးတွေကို ဆိုက်ဘာ တိုက်ခိုက်မှုတွေ ပြုလုပ်လာမှာကို စိုးရိမ်နေကြပါတယ်။ အင်တာနက်သာ ပြတ်တောက်သွားရင် သတင်းစီးဆင်းမှုရပ်သွားမှာ ဖြစ်သလို မိသားစုဝင်တွေ အဆက်အသွယ် ပြတ်သွားကြမှာပါ။

Tweet from @fedorovmykhalio saying “@elonmusk , while you try to colonize Mars — Russia try to occupy Ukraine! While your rockets successfully land from space — Russian rockets attack Ukrainian civil people! We ask you to provide Ukraine with Starlink stations and to address sane Russians to stand.” Also shows a reply from Elon Musk, saying “Starlink service is now active in Ukraine. More terminals en route.”

Starlink ဂြိုလ်တု အင်တာနက် သုံးဖို့အတွက် ကမ္ဘာပတ်လမ်းကြောင်းက Starlink ဂြိုလ်တုတွေဆီ Signal တွေ ပေးပို့၊ လက်ခံနိုင်တဲ့ User Terminal လိုအပ်ပါတယ်။ အခုတော့ အဲဒီ Terminal တွေဟာ ယူကရိန်းကို ရောက်သွားပြီ ဆိုပေမယ့် ဓါတ်ပုံအရ အရေအတွက် ဘယ်လောက်များများ ရောက်သွားလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ယူကရိန်းကို Terminal တွေ ရောက်ရှိလာပြီ ဖြစ်ပေမယ့် ဘယ်လို ဖြန့်ဝေမလဲ၊ ဘယ်လို အသုံးပြုမလဲဆိုတာ မသိရသေးပါဘူး။ ယူကရိန်း မြို့တော် ကိဗ်မှာ အဲဒီ ဝန်ဆောင်မှုကို အသုံးပြုနေပြီဖြစ်တယ်ဆိုတဲ့ သက်သေအထောက်အထား Screenshot ၁ ခုကို တွစ်တာ အသုံးပြုသူ ၁ ယောက်က တင်ထားပါတယ်။

Ref : theverge