Samsung ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက Galaxy A73 , Galaxy A53 နဲ့ Galaxy A33 ကို ကြေညာခဲ့ပြီး Galaxy Buds 2 နဲ့ Galaxy Buds Live နားကြပ်တွေအတွက် Onyx အရောင်အသစ်ထွက်လာမယ်လို့ ပြောခဲ့ပါတယ်။ မိတ်ဆက်ပွဲမှာ အဲဒီ အရောင်အသစ်ကို မပြသခဲ့ပေမယ့် ကုမ္ပဏီက နောက်ပိုင်းမှာ မီဒီယာတွေအတွက် ဓါတ်ပုံတွေကို ထုတ်ပြခဲ့ပါတယ်။ အရောင်အသစ်ကို Samsung Online Store ကနေ နောက်လမှ စတင်ကာ ရောင်းချမှာ ဖြစ်ပြီး Galaxy A Series ဖုန်း အသစ် ၃ လုံး ရောင်းချချိန်နဲ့ တူညီအောင် ပြုလုပ်ပေးထားတာပါ။

Samsung reveals new Onyx color for Galaxy Buds 2 and Buds Live

၂၀၂၁ ခုနှစ် နွေရာသီအတွင်း Galaxy Z Fold3 နဲ့ Galaxy Z Flip3 တို့ကို ကြေညာတဲ့ Unpacked Event မှာ Samsung Galaxy Buds 2 ကို ချပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နားကြပ်ရဲ့ အမိုက်စား လုပ်ဆောင်ချက် ၁ ခုက ဖုန်း ပြောနေချိန်မှာ ပြင်ပက ဆူညံသံတွေကို ဖယ်ရှားပေးနိုင်ပြီး စပီကာက အသံကိုပဲ ဝင်ရောက်စေတာ ဖြစ်ပါတယ်။

Samsung is relaunching the Galaxy Buds 2 and Buds Live in new Onyx color - SamMobile

Galaxy Buds Live ရဲ့ သက်တမ်းဟာ ပိုမို ရှည်ကြာနေပြီ ဖြစ်ပြီး ၂၀၂၀ ခုနှစ်က နွေရာသီ Unpacked Event မှာ Galaxy Note20 Series စမတ်ဖုန်းတွေနဲ့အတူ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Galaxy Buds 2 နဲ့ Galaxy Buds Live တို့ရဲ့ လက်ရှိ ရောင်းဈေးဟာ ကနဦးရောင်းချတဲ့ ဈေးထက် ပိုမို သက်သာနေပြီ ဖြစ်ပြီး Onyx အရောင်ကို ယူရို ၁၀၀ ဝန်းကျင်နဲ့ ရောင်းချနိုင်ကာ မြန်မာငွေ ၂ သိန်းဝန်းကျင် ကျသင့်နိုင်ပါတယ်။

Ref : gsmarena